Chapter 159

2K 230 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၁၄ )

Chapter-159

ကိုယ်တွင်းစွမ်းအင်မုန်တိုင်းမှ ဖြစ်ပေါ်လာခဲ့သော လေပွေတစ်ခုက ပြင်းထန်သော လေဆင်နှာမောင်းတစ်ခုကို ယူဆောင်လာခဲ့ပြီး ထိုကိုယ်တွင်းစွမ်းအင်မုန်တိုင်းကလည်း အလွန်အမင်း ကြီးမားလာခဲ့ပေသည်။


အဆုံးမဲ့တောအုပ်က မူလတွင် ကိုယ်တွင်းစွမ်းအင်ကြွယ်ဝသော နယ်မြေတစ်ခုဖြစ်သည်။ ယီယွမ်က ပတ်ဝန်းကျင်မှများပြားလှသော ကိုယ်တွင်းစွမ်းအင်များကို ဂရုစိုက်မှုတစ်စက်ကလေးမှ မထားခဲ့ဘဲ အရူးအမူးစုပ်ယူ၍ သူ၏ ဒန်တျန်ထဲသို့ စီးဆင်းသွားစေခဲ့၏။

“အမ်...ဘာဖြစ်နေတာလဲ...ဒီကိုယ်တွင်းစွမ်းအင်မုန်တိုင်းက မဟုတ်သေးပါဘူး…..”.စူးရီရှန်းက ထိတ်လန့်တုန်လှုပ်စွာ ရေရွတ်လိုက်သည်။

အတိတ်က စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်သို့ သူတက်ရောက်ခဲ့စဉ်၌ ဖြစ်ပေါ်လာခဲ့သော ကိုယ်တွင်းစွမ်းအင်မုန်တိုင်းမှာ ယီယွမ်နှင့် နှိုင်းယှဉ်ကြည့်လျှင် မှော်ဆရာကြီးတစ်ဦးနှင့်တွေ့ဆုံရသည့် အလုပ်သင်စုန်းတစ်ကောင် ကဲ့သို့သာ ဖြစ်နေခဲ့၏။

ယီယွမ်၏ ကိုယ်တွင်းစွမ်းအင်မုန်တိုင်းက သူ့ကိုပေးသောဖိအားမှာ ကြီးမားသောရေလွှမ်းမိုးခြင်းတစ်ခု သို့မဟုတ် ရက်စက်ကြမ်းကြုတ်သောသားရဲတစ်ကောင်နှင့် ကြုံတွေ့ရသကဲ့သို့ ဖိအားအလွန်အမင်း ပြင်းထန်ပေသည်။

ထိုသို့ ပြင်းထန်၍ မတည်မငြိမ်ဖြစ်နေသော ကိုယ်တွင်းစွမ်းအင်များကို ဒန်တျန်အတွင်းသို့ အရူးအမူး ဂရုမစိုက်ဘဲ စုပ်ယူနေခဲ့ခြင်းက ဒန်တျန်ကို ပေါက်ကွဲသွားစေနိုင်ပေ၏။

“ဟီးဟီး...ပေါက်ကွဲထွက်လိုက်စမ်း...ဒန်တျန်ကိုပေါက်ကွဲထွက်လိုက်စမ်း...ဒန်တျန်ပေါက်ကွဲသွားပြီဆိုရင် မင်းဘယ်လိုရပ်တည်မလဲဆိုတာ ငါသိချင်လိုက်တာ…..” စူးရီရှန်းက ယီယွမ်၏ ကံဆိုးခြင်းအတွက် လှောင်ပြောင်ရယ်မောလိုက်သည်။


သို့သော် သူက အခြားသူ၏ကံဆိုးခြင်းအပေါ် သာယာကျေနပ်နေချိန်တွင် သူ၏လည်ပင်းကော်လံကို အနောက်မှ ရုတ်တရက် ဆုပ်ကိုင်ခြင်းခံလိုက်ရပြီး သူ့ကိုကလေးသေးသေးလေး တစ်ယောက်သဖွယ် မ,ယူသယ်ဆောင်သွားခြင်း ခံလိုက်ရ၏။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now