Chapter 169

1.8K 208 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ- ဖြိုးသူဝင်း

စာစဉ် ( ၁၅ )

Chapter-169

ကျားဖြူငယ်လေးက သူ၏အစွယ်များကို ဖော်၍ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ရန်ပြင်ဆင်ထားခဲ့သည်။ ကြောင်အော်သံကဲ့သို့ ဟိန်းဟောက်သံတစ်ခုက အသံတိုးစွာဖြင့် မကြာခဏထွက်ပေါ်လာခဲ့၏။ တစ်စုံတစ်ယောက်က မည်သို့ပင်ကြည့်ရှုစေကာမူ ထိုအကောင်လေး၏အပြုအမူက အလွန်ချစ်စရာကောင်းနေခဲ့ပေသည်။

သို့ရာတွင် ဤသို့ဒုက္ခရောက်နေသောအခြေအနေမျိုးအောက်တွင် ကျားဖြူငယ်လေး၏ ဟိန်းဟောက်သံက အကူအညီကင်းမဲ့နေသည့် အငွေ့အသက်များပါဝင်နေပြီး အလွန်သနားစရာကောင်းနေခဲ့၏။

ထိုကျားဖြူငယ်လေး၏ အပြုအမူကိုမြင်သော် ယီယွမ်၏နှလုံးသားက အကြောင်းပြချက်မရှိတုန်လှုပ်သွားပေသည်။

“ယီယွမ် ကျားဖြူကြီးကို ကယ်လိုက်ကြရအောင်… အဲဒီကျားဖြူငယ်လေးကိုကြည့်လိုက်ပါဦး… အဲဒီအကောင်လေးက တကယ်ကို သနားစရာကောင်းပါတယ်…..” ထိုအချိန်တွင် နန်ဖိန်ဇီရို၏စကားသံက ယီယွမ်၏နားထဲသို့ ဝင်ရောက်လာခဲ့၏။

ယီယွမ်ကပြန်လှည့်ကြည့်လိုက်ချိန်တွင် နန်ဖိန်ဇီရို၏မျက်နှာက မျက်ရည်များပြည့်နှက်နေသည်ကို တွေ့လိုက်ရ၏။ သိသာစွာပင် သူမက ကျားဖြူကြီး၏ မိခင်မေတ္တာကို အလွန်ခံစားရသွားခဲ့ပုံရပေသည်။

ဤအခြေအနေအောက်တွင် ကျားဖြူနှင့် ရောင်စဉ်ခုနှစ်သွယ်စီးဆင်းတိမ်စပါးအုံးမြွေတို့ ပြင်းပြင်းထန်ထန် ဒဏ်ရာရသည်အထိ တိုက်ခိုက်ကြသည်အထိ စောင့်နေလျှင်အကောင်းဆုံးဖြစ်ကြောင်း ထင်ရှားနေသော်လည်း ယီယွမ်က အမှန်တကယ်ပင် ထိုသို့ပြုလုပ်လိုခြင်း မရှိပေ။

ယီယွမ်ကမည်သည့်အရာမှပြောဆိုခဲ့ခြင်းမရှိပေ။ သူကဖြည်းဖြည်းချင်းခေါင်းညိတ်ပြလိုက်ပြီး ကန်ဟွာဓားကိုထုတ်ယူကာ နန်ဖိန်ဇီရိုကို ပြောလိုက်၏။ “ရောင်စဉ်ခုနှစ်သွယ်စီးဆင်းတိမ်စပါးအုံးမြွေရဲ့ အားနည်းချက်နေရာက ရောင်စဉ်ခုနှစ်သွယ်ပန်းပွင့်နေရာပဲ… ဒီနေရာက မြင့်မားတဲ့မြေပြင်ဖြစ်နေတဲ့အတွက် ပုန်းကွယ်တိုက်ခိုက်ဖို့အကောင်းဆုံးနေရာပဲ… ကျွန်တော်ကအပြင်ထွက်သွားပြီး ရောင်စဉ်ခုနှစ်သွယ်စီးဆင်းတိမ်စပါးအုံးမြွေကို ဒီနေရာရောက်အောင်မျှားခေါ်လာခဲ့မယ်… အဲဒီအကောင်ကို တစ်ချက်တည်းနဲ့ အသေသတ်နိုင်ဖို့အကောင်းဆုံးအခွင့်အရေးကို ရှာပြီး သေအောင်သတ်လိုက်နော်…..”

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now