ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ -ဖြိုးသူဝင်း
Chapter 60
ဒန်ဝူအကယ်ဒမီတွင် မှော်ဆေးပညာ နည်းပြဆရာများမှာ ကိုယ်ပိုင်ဆေးဖော်စပ်ခြင်းအခန်း များ ရှိကြ၏။ထိုထဲတွင် ဖိန်လျှိုချင် အပါအဝင်ဖြစ်သည်။
ဖိန်လျှိုချင်၏ ဆေးဖော်စပ်ခြင်း အခန်းမှာ ကောင်းမွန်စွာပြင်ဆင်ထား၏။ဆေးဖက်ဝင်ပစ္စည်း အမျိုးအစားများကို စနစ်တကျ သိုလှောင်ထား၏။
အခန်း၏ အလယ်တွင် အနီရောင်ဆေးအိုးကြီးတစ်လုံးရှိသည်။ယီယွမ်က ထိုဆေးအိုးမှာ အဆင့်(2)ပို၍အဆင့်မြင့်သောအဆင့် ဆေးအိုး ဖြစ်ကြောင်း ကြည့်ရုံဖြင့် သိနိုင်သည်။ထို့ပြင် ဒန်ဝူအကယ်ဒမီ၏ မှော်ဆေးပညာ နည်းပြဆရာများတွင် ထိုဆေးအိုးထက်ကောင်းသော ဆေးအိုးမရှိနိုင်ကြောင်း သိသာလှ၏။သို့သော် ထိုဆေးအိုးမှာ ယီယွမ်အတွက်မူ အဆင့်မရှိလှပေ။
ယီယွမ် ၏ နှုတ်ခမ်းထောင့်တွန့်သွားခဲ့ပြီးထိုင်စရာ နေရာတစ်ခုကို ရှာဖွေလိုက်သည်။
ထိုမြင်ကွင်းကို မြင်လိုက်၍ ဖိန်လျှိုချင်က ဒေါသအနည်းငယ်ထွက်သွားခဲ့၏။
"ကြည့်ရတာ ငါ့ရဲ့ အနီရောင်ကြာပွင့်ဆေးအိုး ကို မင်းက အထင်သေးနေပုံရတယ်....."
"အာ...ဒီဆေးအိုးလား...မဆိုးပါဘူး... မဆိုးပါဘူး... ဟဲဟဲ....."ယီယွမ်က ရယ်မောပြောဆိုလိုက်သည်။
တစ်ချက်ကြည့်ရုံဖြင့်ပင် ထိုစကားက မရိုးသားမှန်း သူမသေချာပြောဆိုနိုင်၏။
"မင်းက ပိုကောင်းတဲ့ အဆင့်(2)ဆေးအိုးတွေကို မြင်ဖူးလား....."
"ကျွန်တော်လား...ဟဲဟဲ...ကျွန်တော်က မှော်ဆေးပညာရှင်အလုပ်သင် တောင် မဖြစ်သေးဘူးလေ...ဒီလိုအဆင့်မြင့်ဆေးအိုးတွေကို ဘယ်နေရာမှာ မြင်ဖူးရမှာလဲ...ဒါက အနီရောင်ကြာပွင့်ဆေးအိုး လို့ခေါ်တာလား...ကောင်းလိုက်တာ...နာမည်လေးကကောင်းလိုက်တာ....."
ယီယွမ်က ထိုဆေးအိုးအပေါ်တွင် သူ၏အထင်သေးနေမှုက ဖိန်လျှိုချင်မေးခွန်းထုတ်စရာဖြစ်သွားမည်ဟု မမျှော်လင့်ထားခဲ့၍ သူမကို အနည်းငယ် နောက်ပြောင်လိုခဲခြင်းဖြစ်သည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...