Chapter 67

3.4K 486 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ -ဖြိုးသူဝင်း

Chapter 67

သူ၏ အတိတ်ဘဝနှင့် လက်ရှိဘဝနှစ်ခုစလုံးတွင် ယီယွမ် မျက်ရည်ကျသည်မှာ ဒုတိယအကြိမ်မြောက် ဖြစ်သည်။

ပထမအကြိမ် သူ ငိုကြွေးခဲ့သည်မှာ သူ၏ ဖခင် ရှန်းယန်ဇီက သူ့အား ကာကွယ်ပေးစဉ် သစ္စဖောက်၏ သတ်ခြင်း ခံလိုက်ရသော အချိန်တွင် ဖြစ်၏။

သေခြင်း ရှင်ခြင်း ကံကြမ္မာအလှည့်အပြောင်းကို ကြုံတွေ့ခဲ့ရသော်လည်း ထိုမြင်ကွင်းက သူ၏ မှတ်ဥာဏ်ထဲတွင် အမြဲ ထင်ထင်ရှားရှား မှတ်မိနေခဲ့သည်။

ယီယွမ်၏ အသွေးအသားထဲ အထိ နာကျင်မှုကြောင့် လက်ရှိယီယွမ်သည် ရည်မှန်းချက်ကြီးမားစွာ ကျင့်ကြံနေပြီး တစ်နေ့တွင် နတ်ဘုရားနိုင်ငံတော်သို့ သွား၍ သစ္စာဖောက်ကို သူ၏ လက်ဖြင့် ကိုယ်တိုင်သုတ်သင်ရပေမည်။

ယခုအချိန်က သူ့အတွက် ဒုတိယအကြိမ် မျက်ရည်ကျခြင်းပင်။ သေခြင်း ရှင်ခြင်း ကိစ္စ ရပ် မဟုတ်သော်လည်း ယီယွမ်၏ ဖခင်မေတ္တာ က ယီယွမ်ကို ခံစားသွားစေရခြင်းပင်။

ယီယွမ် က ထိုခံစားချက်ကို ရှန်းယန်ဇီ ထံမှသာ ခံစားရဖူး၏။ ယီဟန်က သူ၏ ဖခင်ရင်း ဟုတ်သည် ဖြစ်စေ မဟုတ်သည် ဖြစ်စေ သူ့အပေါ်ထားသော ဖခင်မေတ္တာ မှာ အစစ်အမှန် ဖြစ်သည်။

ချင်ယန်ဇီက ယီယွမ်၏ ခန္ဓာကိုယ်တွင် အစားထိုးဝင်ရောက်လာခဲ့၍ ယီဟန်နှင့် နီးစပ်သော ဆက်ဆံရေး ရှိ၏။

ထို့ပြင် သူဝင်ရောက်နေသော ယီယွမ်အပေါ်တွင် ဟီယန်၏ ဆက်ဆံရေးမှာ အလွန်ကောင်းမွန်၏။ယီယွမ်က ထိုအချက်ကို ခံစားမိ၍ ထိုဖခင်မေတ္တာကို အသိအမှတ်ပြုထားခဲ့သည်။

သို့သော် သူ၏ အတွင်းစိတ် တွင် ယီယွမ် က သူနှင့် နီးစပ်သူ ဟုသာ သဘောထားခဲ့ပြီး အဖေနှင့် သား ဆက်ဆံရေး အစစ်အမှန် မရှိခဲ့ပေ။

ယီယွမ်၏ နှလုံးသားထဲတွင် သူ၏ ဖခင်ရင်း မှာ ရှန်းယန်ဇီ တစ်ယောက်သာရှိ၏။ထို့ကြောင့် ယခင်က ယီဟန် ကို ထိုသို့ သဘောမထားခဲ့ပေ။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now