ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ် ( ၁၄ )
Chapter-161
ဂျိန်း….. ဂျိန်း…..
မူလက အလွန်ကြည်လင်နေသော အဆုံးမဲ့တောအုပ်၏ ကောင်းကင်ယံမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး နက်မှောင်နေသော တိမ်တိုက်များက တစ်ထပ်ပြီးတစ်ထပ် ဖုံးအုပ်လာခဲ့ပေသည်။
မရေမတွက်နိုင်သော လျှပ်စီးကြောင်းများက ကောင်းကင်ယံတွင် လင်းလက်နေကြပြီး မိုးထစ်ချုန်းသံများက ဝေးသောနေရာမှ နီးသောနေရာသို့ ထစ်ချုန်းရောက်ရှိလာခဲ့၏။
“ဘာဖြစ်သွားတာလဲ… ဘာတွေဖြစ်ကုန်တာလဲ…..”
စူးရီရှန်း၏ မျက်နှာအမူအရာက ဖြူဖျော့သွားခဲ့၏။ ဤကဲ့သို့ပုံမှန်မဟုတ်သော ရာသီဥတုအခြေအနေမျိုးကို သူတစ်ကြိမ်တစ်ခါမှ ကြုံတွေ့ခဲ့ရခြင်းမရှိသော်လည်း ထိုအရာများက ပုံမှန်မဟုတ်သည်ကို ကွဲကွဲပြားပြား သိရှိနိုင်ပေသည်။
ဤသို့အခြေအနေရုတ်တရက်ပြောင်းလဲမှုက ပုံမှန်အတိုင်းဖြစ်လာခြင်းမဟုတ်မှန်း သိရှိနိုင်ပေသည်။ ထိုအရာက အချို့စွမ်းအားကြီးမားသူများ ကျင့်စဉ်နယ်ပယ်များကို အဆင့်တက်ချိန်၌ ဖြစ်ပေါ်စေခဲ့သော သဘာဝဖြစ်စဉ်တစ်ခုနှင့် တူလှပေ၏။
ယွမ်ဖန်း၏မျက်လုံးများက မည်သည့်အရာဖြစ်ပျက်နေသည်ကို သိရှိနေခဲ့သလို တောက်ပနေခဲ့၏။ သို့ဖြစ်၍ သူက နန်ဖိန်ဇီရို၏ ပခုံးလေးကို အသာအယာ ကိုင်လိုက်ပြီး သူ၏နောက်လက်တစ်ဖက်ဖြင့် စူးရီရှန်းကို ကလေးလေးသဖွယ် ဂုတ်မှစွဲကိုင်၍ အလွန်ဝေးကွာသော အကွာအဝေးသို့ရောက်အောင် ပြေးထွက်သွားခဲ့သည်။
ဤအချိန်တွင်တော့ ယီယွမ်နှင့် ပို၍ဝေးကွာသောနေရာသို့ သွားခဲ့ပေ၏။ မိုင်ပေါင်းများစွာ အကွာအဝေးအထိပင်…..
ဘုတ်…..
ယွမ်ဖန်းက စူးရီရှန်းကိုအသာအယာပစ်ချလိုက်သော်လည်း သူ၏မျက်ဝန်းများက ယီယွမ်အဆင့်တက်နေသည့်နေရာတွင်သာ ရောက်ရှိနေခဲ့သည်။
နန်ဖိန်ဇီရိုကလည်း သတိပြန်ဝင်လာခဲ့ပြီး ယွမ်ဖန်းကို အံ့အားသင့်နေသည့်အကြည့်ဖြင့် ကြည့်လိုက်ကြ၏။ လောကကြီးတွင် မည်သည့်အရာဖြစ်ပျက်နေသည်ကို ယွမ်ဖန်းအား သူမက မေးမြန်းချင်နေသော်လည်း သူမကမေးမြန်းလျှင်ပင် သူတို့က မိစ္ဆာသားရဲများနှင့် စကားပြောဆိုနိုင်စွမ်းမရှိ၍ ယွမ်ဖန်းက နားလည်မည်မဟုတ်ပေ။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...