Chapter 164

2K 224 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၁၄ )

Chapter-164

ယီယွမ်က နတ်ဘုရားအဆင့်အကြောင်း ပြောဆိုလိုက်ချိန်တွင် စိတ်ဆန္ဒ ပြင်းပြသည့်အကြည့်တစ်ခုက ဂျိကျန်းယန်၏မျက်နှာပေါ်တွင် ပေါ်ပေါက်လာခဲ့သည်။

"နတ်ဘုရားအဆင့်ဟုတ်လား... အဲဒါက တကယ်ပဲ အချိန်အတော်ကြာကတည်းက ဖြစ်ချင်တဲ့စိတ်ကူးတစ်ခုပဲ... ယွမ်အာ... သားကဒီနှစ်ပေါင်းတစ်သန်းကြာ မှတ်တမ်းဆိုးကြီးကို ချိုးဖောက်ပြီး နတ်ဘုရားအဆင့်ကို တက်ရောက်နိုင်မယ်လို့ အဖေယုံကြည်ပါတယ်....."

ယီယွမ်၏ ကြီးကျယ်ခမ်းနားသောစကားများကို ကြားသော် တွေဝေမှုလုံးဝမရှိခဲ့ဘဲ ဂျိကျန်းယန်က ယီယွမ်ကို ယုံကြည်ရန်ရွေးချယ်လိုက်၏။

"အဖေက သားကို အဆင့်နိမ့်နိုင်ငံတွေဆီ ပြန်လည်အစားထိုးဝင်ရောက်ဖို့ တကယ်ပဲ ပို့ပေးနိုင်ခဲ့တယ်ဆိုတော့ အဖေ့ရဲ့ နတ်ဘုရားစိတ်ဝိညာဉ်အဆင့်က ဘယ်အထိရောက်နေပြီလဲ....." ယီယွမ်က သူ၏နှလုံးသားထဲမှလာသော မေးခွန်းကို အသံထွက်မေးမြန်းလိုက်သည်။

ယီယွမ်၏ ယခင်အတိတ်ဘဝ နတ်ဘုရားစိတ်ဝိညာဉ်မှာလည်း အလွန်အစွမ်းထက်ပေသည်။ သို့သော် သူကိုယ်တိုင် ပြန်လည်အစားထိုးဝင်ရောက်ရန် လုပ်ဆောင်နိုင်စွမ်းမရှိပေ။ ထို့ကြောင့်အခြားသူများကို သေရွာမှပြန်လာနိုင်စေရန်မှာ ပြောနေစရာပင်မလိုတော့ပေ။

သို့ဖြစ်၍ သူ့ကို သေရွာမှပြန်လည်ရှင်သန်လာစေနိုင်သည်အထိ စွမ်းဆောင်နိုင်ခဲ့သည့် သူ၏ဖခင်က မည်မျှသန်မာသည်ကို သူကအလွန်သိချင်နေခဲ့၏။

ဂျိကျန်းယန်က ပြုံး၍ ပြောလိုက်သည်။ "သားက ဆေးနတ်ဘုရားစိတ်ဝိညာဉ်ကျမ်းကို အပြည့်အဝနားလည်သဘောပေါက်အောင် လေ့လာနိုင်ခဲ့ပြီဆိုရင် သားရဲ့ အရည်အချင်းနဲ့ နားလည်သဘောပေါက်နိုင်စွမ်းကြောင့် အဖေ့ရဲ့အဆင့်ကိုရောက်လာဖို့က မခက်ခဲတော့ဘူးလေ....."

"ဆေးနတ်ဘုရားစိတ်ဝိညာဉ်ကျမ်း ဟုတ်လား... ကျွန်တော့်ရဲ့ အသိစိတ်ပင်လယ်ထဲကို ဝင်ရောက်သွားခဲ့တဲ့ အဲဒီရွှေရောင်စာလုံးတွေပေါ့....." ယီယွမ်က အံ့သြသွားခဲ့ပြီး မေးမြန်းလိုက်၏။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now