Chapter 197

1.9K 217 0
                                    

Chapter-197

“ကြည့်ရတာ စီနီယာအစ်ကိုယန်က မီးလျှံကိုထိန်းချုပ်တဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ် အလွန်ယုံကြည်နေတာပဲ… အိုကေလေ… ဒါဆိုရင် မီးလျှံထိန်းချုပ်တဲ့နေရာမှာ ယှဉ်ပြိုင်ကြတာပေါ့… ကျေးဇူးပြုပြီး အရှေ့ကကြွပါ… စီနီယာအစ်ကိုယန်…..” ယီယွမ်က ပြုံး၍ပြောလိုက်သည်။

ပြုံးထားစမ်း… ပြုံးထားစမ်း… ပြီးတဲ့အချိန်မှာ မင်းဆက်ပြီးပြုံးထားနိုင်တော့မှာလားဆိုတာ ငါကြည့်ချင်တယ်…..

ယန်ဟွာက သူ၏စိတ်ထဲ၌ အေးစက်စွာဖြင့် ပြောဆိုခဲ့၏။

မှော်ဆေးပညာ ကျွမ်းကျင်မှုအားလုံးကို ယှဉ်ပြိုင်ရာတွင် ယန်ဟွာဟူသောသူက အဖွဲ့၏ အတွင်းစည်းတပည့်များအကြားတွင် ထိပ်တန်းအဆင့်ဟူ၍ သတ်မှတ်၍မရပေ။

သို့သော် မီးလျှံကို ထိန်းချုပ်သည့်နေရာတွင် ယှဉ်ပြိုင်ကြလျှင် သူကထိပ်ဆုံး လူနှစ်ဆယ်အတွင်း ဝင်ရောက်နိုင်ပေသည်။

ဤနိုင်ငံငယ်လေးမှ လူအကလေးမှာ ထိပ်ဆုံးလူနှစ်ဆယ်ဟူသော အဆင့်အတန်းကို ကောင်းမွန်စွာနားလည်နိုင်စွမ်းရှိမည်မဟုတ်ပေ။

ငြိမ်သက်တိမ်တိုက်အဖွဲ့မှ ဂျီးနီးယပ်များမှာ အပြင်ဘက်အဖွဲ့မှ ငချွတ်ကလေးတစ်ယောက်က ယှဉ်ပြိုင်နိုင်သောအရာမဟုတ်ပေ။ ယန်ဟွာဟူသောသူပင် သူ၏ထူးချွန်သောအဆင့်အတန်းဖြင့် အဖွဲ့တစ်ခုလုံးတွင် ငချွတ်ကလေးတစ်ယောက်အဖြစ်သာ ရှိနေသေး၏။

ဆေးလုံးခန်းမမှ ငနဲလေးများက အခြားသူများထက် ပို၍ပင် မွန်းစတားဆန်နေခဲ့သေးသည်။

မီးလျှံကိုထိန်းချုပ်ရာတွင် ထိပ်ဆုံးလူနှစ်ဆယ်အတွင်းသို့ ဝင်ရောက်နိုင်စွမ်းရှိသည့်အတွက် ယန်ဟွာက ဂုဏ်ယူဝံ့ကြွားရန် လိုအပ်သည်ထက် ပိုနေခဲ့ပေ၏။

“ဟမ့်… သေသေချာချာကြည့်ထား… ဒီနေ့ ရေအိုင်ထဲကဖားသူငယ်ဖြစ်တဲ့ မင်းကို မီးလျှံကိုထိန်းချုပ်တယ်ဆိုတာ ဘာကိုခေါ်တာလဲသိရအောင် လက်တွေ့ပြပေးလိုက်မယ်…..”

ထိုသို့ပြောလိုက်ရင်း ယန်ဟွာက မီးထွန်းခြင်းမီးလျှံရှေ့သို့သွားရောက်ကာ လက်ချောင်းနှစ်ချောင်းဖြင့် အချက်ပြခေါ်ယူလိုက်သည်။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now