Chapter 116

2.9K 338 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ်(10)

Chapter-116

အမှန်တကယ် သူက ဖြတ်ကျော်သွားခဲ့သည်။

အကယ်၍ ယီယွမ် ၏ ရလဒ်ကိုပင် ဖြတ်ကျော်နိုင်ပြီဟု မပြောနိုင်လျှင် မည်သူက ဖြတ်ကျော်နိုင်တော့မည်နည်း။

ခေတ္တ တုန်လှုပ်သွားပြီးနောက် လုယန်၏ စိတ်ထဲ၌ အလွန် ပီတိဖြစ်နေခဲ့၏။ ဤသို့သော ဂျီးနီးယပ် တစ်ယောက် ပေါ်ပေါက်လာပြီဖြစ်၍ ငြိမ်သက်တိမ်တိုက်အဖွဲ့ က မြောက်ပိုင်း သို့ ပြန်လည်ရောက်ရှိရန် မည်သည့်အတွက် စိုးရိမ်နေရတော့မည်နည်း။

“ယီယွမ်...မင်းရဲ့ အရည်အချင်း က တည်ထောင်သူဘိုးဘေးကြီး ရွဲ့ဝူရ ထက် မြင့်မားတယ်...မင်းရဲ့ အနာဂတ်အောင်မြင်မှုတွေက သူ့ထက် မကျော်လွန်မှာပဲ ငါ စိုးရိမ်တယ်...ငါတို့ ငြိမ်သက်တိမ်တိုက်အဖွဲ့ က မင်းကို ရခဲ့တဲ့အတွက် တကယ်ကို ကံကောင်းနေခဲ့ပြီ…..” လုယန် က သက်ပြင်းချ၍ သဘောကျစွာ ပြောဆိုလိုက်၏။

“စီနီယာရဲ့ ချီးမွမ်းစကားကို ကျေးဇူးအများကြီးတင်ပါတယ်…..”

ယီယွမ်က သူ၏ အရည်အချင်း ကို မည်သည့်အချိန်တွင်မှ သံသယ မရှိခဲ့ပေ။

သူ၏ အတိတ်ဘဝ၌ သိုင်းပညာ ကို စိတ်ဝင်စားခြင်းမရှိခဲ့ပေ။သို့သော် သိုင်းပညာတာအိုတွင် သူ၏ အရည်အချင်း က ဂျိချန်းလန် အောက် နိမ့်ကျခြင်းမရှိပေ။

“သက်တံ့လမ်း…ထွက်ပေါ်လာစမ်း…..”

လုယန်က အသံတိုးတိုးပြောလိုက်ပြီး ဝင်္ကပါ ထဲသို့ ကိုယ်တွင်းစွမ်းအင်အနည်းငယ် ပစ်ထည့်ခဲ့၏။ထို့နောက် ရောင်စုံလမ်းမတစ်ခုက ကောင်းကင်ဘုံကိုးခုတောင်ထိပ်၏ အပေါ်၌ ပေါ်ပေါက်လာခဲ့သည်။

“ယီယွမ်...အခုအချိန်မှာ မင်းက တည်ထောင်သူဘိုးဘေးကြီး ရွဲ့ဝူရ ရဲ့ အမွေကို ဆက်ခံလိုက်ပြီလို့ ပြောလို့ရတယ်...မင်းက ဒီနေ့ကတိစကားကို မေ့မသွားဖို့ မျှော်လင့်နေတယ်...ငါက သေတော့မဲ့လူတစ်ယောက်မို့ ငြိမ်သက်တိမ်တိုက်အဖွဲ့ က မြောက်ပိုင်း ကို ပြန်လည်ရောက်ရှိတာကို မျက်မြင်မတွေ့နိုင်တော့ဘူး...မင်းက ဒီ ကန်ဟွာဓား ကို မင်းနဲ့အတူ ယူဆောင်သွားမယ်လို့ ငါမျှော်လင့်တယ်...တကယ်လို့ ငါတို့က မြောက်ပိုင်း ကို တစ်နေ့မှာ တကယ်ပြန်သွားနိုင်ပြီဆိုရင် မင်းက ဒီဓားကို မြောက်ပိုင်း ယူသွားမယ်လို့ ငါ မျှော်လင့်ပါတယ်...တကယ်လို့ မင်းက ဒီဓားကို အထင်မသေးဘူးဆိုရင် တိုက်ပွဲတွေမှာ အသုံးပြုလို့ရပါတယ်...ဒါကို ငါအသက်ဆက်နေပြီလို့ ယူဆလို့ရပါတယ်…..”

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now