Chapter 28

4.2K 533 3
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ -ဖြိုးသူဝင်း

Chapter 28

ထန်ယုသည် ဒန်ဝူအကယ်ဒမီမှ ဂျီးနီးယပ် တစ်ယောက်ဖြစ်သော်လည်း တိုက်ပွဲပေါင်းရာချီ၍ ဆင်နွှဲဖူးသော ချူးရင်နှင့် ယှဉ်လျှင် ခွန်အားကော အတွေ့အကြုံပါ နည်းပါးနေပေရာ နောက်တွင် အချိန်ဆွဲ၍ နေခဲ့ခြင်းကား သေချာပေါက် သေဆုံးရပေမည်။

သူတို့သုံးဦးတွင် ထန်ယုက ခွန်အားအကြီးဆုံးဖြစ်ပြီး ယခုအချိန်တွင် သူလည်း အန္တရာယ် ကို ရင်ဆိုင်နိုင်စွမ်း မရှိခဲ့ချေ။

ထန်ယုက ရန်သူကို ရင်ဆိုင်ရန်ဆုံးဖြတ်လိုက်သည်ကို မြင်လိုက်ရသောအခါ လျူအာ လဲ ထပ်တူလှုပ်ရှားလိုက်ပေ၏။"သခင်လေး..မြန်မြန်ပြေးတော့!!!!အစ်ကိုထန်နဲ့ ကျမက သခင်လေးကို လွတ်မြောက်အောင် ကာကွယ်ပေးမယ်....."

လျူအာကပါ သူ၏ရှေ့မှာရပ်တန့်ကာကွယ်ပေးသည်ကို မြင်သောအခါ ယီယွမ်ထိန်းမထားနိုင်တော့ဘဲ ရယ်မောလိုက်မိသည်။"ကောင်မလေး....ငါ့ရဲ့အနောက်မှာ ဘာလို့မနေတာလဲ???အရှေ့ကဖယ်ပြီး ဝေးဝေးသွားနေ..... "

"မရဘူး.... ကျမ မသွားနိုင်ဘူး!!!..."လျူအာ စကားနားမထောင်ပေ။

ထန်ယုနှင့် လျူအာ၏ အမူအရာများကိုကြည့်၍ အလွန်ပျော်ရွှင်နေခဲ့ပြီး ယီယွမ်၏ နှလုံးသားထဲတွင် သူတို့နှစ်ဦး၏ စေတနာကို မှတ်တမ်းတင်ထားခဲ့မိ၏။

လူတစ်ယောက်၏ စစ်မှန်သော ခံစားချက်သဘောထားကို အခက်အခဲကြုံတွေ့မှသာ တွေ့မြင်ရခြင်းဖြစ်ရာ လျူအာ၏ အမူအရာများမှာ ယီယွမ်သိရှိနားလည်နေခဲ့သော်လည်း ထန်ယုကို လွန်ခဲ့သောရက်အနည်းငယ်ကသာ တွေ့ခဲ့ရခြင်းဖြစ်၏။ထန်ယု၏ ဖခင်ကို အသက်ကယ်ဆယ်ပေးပြီး ထန်ယုကို ဆေးလုံးပေးခဲ့သည်ဆိုသော်လည်း ခိုင်မာသောစိတ်ဓာတ်မရှိလျှင် မိမိအသက်ကို သူတစ်ပါးအတွက် စွန့်လွှတ်နိုင်မည်မဟုတ်ပေ။

လူတိုင်းသိနေသည့်အချက်တစ်ခုမှာ ချူးရင်၏ ခွန်အားနှင့်ဆိုပါက ပြဿနာတစ်စုံတစ်ရာမရှိခဲ့လျှင် သူတို့အားလုံး အလွယ်တကူ သေဆုံးရပေလိမ့်မည်။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now