Chapter 23

4.3K 522 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ -ဖြိုးသူဝင်း

Chapter 23

အဆင့်(3)ချီစွမ်းအင် အဆင့်မှ အဆင့်(4)ချီစွမ်းအင် အဆင့်သို့ အဆင့်တက်ရာတွင် အနည်းငယ်ခက်ခဲသောနေရာဖြစ်၏။ချင်နိုင်ငံကဲ့သို့ လူသားတိုင်းပြည်တစ်ခုတွင် လူအများအပြားသည် ထိုအဆင့်၌ အချိန်ကုန်သွားတတ်ကြပြီး တစ်ချို့သောလူများအတွက်မူ သူတို့၏ဘဝတစ်လျှောက်လုံး ဖြတ်သန်း အဆင့်တက်နိုင်ခြင်းမရှိတော့ပေ။

သို့သော် ထိုအခက်အခဲသည် ယီယွမ်အတွက် အလွယ်တကူ ဖြေရှင်းနိုင်သော အရာဖြစ်၏။သူ၏ အတိတ်ဘဝရှိ မြင့်မားသောကျင့်စဉ်အဆင့်ကြောင့် ချီစွမ်းအင် နယ်ပယ်အဆင့်မှ အခက်အခဲ အသေးအမွှားတစ်ခုက သူ့ကို မည်သည့်အတွက်ကြောင့် တားဆီးနိုင်မည်နည်း။လုံလောက်သော ချီစွမ်းအင်ကို စုဆောင်းမိလာပါက အချိန်မရွေး ကျော်ဖြတ်နိုင်မည်ဖြစ်သည်။

သေးငယ်သော ကျင့်စဉ်နယ်ပယ်များ မြင့်တက်ခြင်းကြောင့် ယီယွမ်၏ အခြေခံကို အနည်းငယ် မတည်မငြိမ်ဖြစ်စေ၏။ယီယွမ်၏ အတွေ့အကြုံများကြောင့် အတိတ်ဘဝမှ ဆုံးရှုံးခဲ့ရသော အောင်မြင်ကျော်ကြားမှုများကို ပြန်လည်ရယူလိုခြင်းမရှိပေ။သူခွန်အားမြင့်မားလာခဲ့လျှင်ပင် စဉ်းစားဆင်ခြင်ခြင်းမပြုဘဲ ထိုအောင်မြင်မှုများဆာလောင်စိတ်ကို မျိုသိပ်ထားပေမည်။မြေပြင်ပေါ်တွင် သူ၏ ခြေထောက်ကို ခိုင်မြဲစွာ ကုပ်တွယ်ထားနိုင်မှသာ ခြေလှမ်းမြောက်မြားစွာ ဆက်လက်လျှောက်လှမ်းနိုင်မည်ဖြစ်သည်။

ယခုရက်အနည်းငယ်အတွင်း သူ၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ မြင့်မားလာသော စွမ်းအင်များကို တည်ငြိမ်အောင်လုပ်ဆောင်ပြီး သူ၏အခြေခံကို မူလအဆင့် ချီစွမ်းအင် အဆင့်သို့ မြှင့်တင်နိုင်ရန်ပင်ဖြစ်သည်။(အဆင့်(1)ချီစွမ်းအင်ကနေ စပြီး မြင့်မြင့်သွားတာ နောက်ဆုံးမှာ မူလအဆင့်ချီစွမ်းအင် အဆင့်က ချီစွမ်းအင် နယ်ပယ်မှာ အမြင့်ဆုံးအဆင့်ပါ)ထို့နောက်မှသာ နောက်တစ်ဆင့်သို့ တက်ရောက်ရန် ကြိုးစားရပေလိမ့်မည်။

ယီယွမ်က "ယန်ကိုးမျိုးဝိဥာဉ်ဘရစ်စတယ်သိုင်းပညာရပ်"ကို ကျင့်ကြံရခြင်းမှာ သူ၏ ကိုယ်တွင်းစွမ်းအင်များသည် ပုံမှန် အဆင့်(3)ချီစွမ်းအင် များထက် ပို၍ ထူထဲသန့်စင်သောကြောင့် ဖြစ့သည်။သာမန်လူတစ်ယောက်သာ "ယွမ်ပြိုကွဲပေါက်ထွက်ဆေးလုံး"ကို အသုံးပြုမှီဝဲပါက ပို့၍အဆင့်မြင့်သောဆေးလုံး (1)လုံးနှင့် အဆင့်မြင့်ဆေးလုံး(2)လုံး ကို အသုံးပြုလျှင်ပင် အဆင့်(1)ချီစွမ်းအင် အဆင့်မှ အဆင့်(3)ချီစွမ်းအင် အဆင့်သို့ အဆင့်တက်သွားမည်ဖြစ်သည်။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now