ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ်(13)
Chapter-144
“အေးအေးဆေးဆေးဝင်မယ်ဟုတ်လား…နင် ဦးနှောက်မှကောင်းသေးရဲ့လား...ဒီမှာ.လက်မောင်းရှည်ကျောက်တုံးမျောက်ဝံ တွေ အများကြီးရှိတယ်လေ….ငါတို့က ဘယ်လိုလုပ်ပြီး အေးအေးဆေးဆေး ဝင်နိုင်မှာလဲ…..” ဖိန်ဇီရို က ယီယွမ်ကို အရူး တစ်ယောက်ကို ကြည့်လိုက်သလို မျက်လုံးပြူး၍ ကြည့်နေခဲ့သည်။
“ဂိုဏ်းတူအစ်မဖိန် အခြားသူတွေကို ဂိုဏ်းတူအစ်မဖိန်ရဲ့ စိတ်နဲ့ မနှိုင်းနဲ့...ဟုတ်ပြီလား...ကျွန်တော်အခုကိုပြောလိုက်သေးတယ်...ဂိုဏ်းတူအစ်မဖိန် က တစ်ခုခု မလုပ်ခင် ဦးနှောက်လေးကို သုံးစမ်းပါဗျာ…..” ယီယွမ် က နောက်ထပ်သက်ပြင်းတစ်ခု ချလိုက်၏။
“နင်…..”
ဖိန်ဇီရို ၏ မျက်ခုံးများ တွန့်ကွေးသွားခဲ့သည်။ ဒီကောင်က သူမကို နောက်တစ်ကြိမ် ဒေါသထွက်လာစေခဲ့ပေပြီ။
ကောင်းပြီလေ...နင်က အမှတ်မရှိဘူးပဲ...ဒါပေမဲ့ မိန်းမတွေရဲ့ အငြိုးအတေးကို နင်ကောင်းကောင်းမသိဘူး..ဒီအချိန်မှာတော့ ဒီကိစ္စကို ခဏ ဘေးဖယ်ထားပြီး ငါတို့ပြန်ရောက်ပြီဆိုရင် ဒီကိစ္စကို တစ်ယောက် နဲ့ တစ်ယောက် ဖြေရှင်းကြတာပေါ့…..
“လက်မောင်းရှည်ကျောက်တုံးမျောက်ဝံ တွေက ခွန်အားကြီးမားကြပေမဲ့ သူတို့မှာလည်း အားနည်းချက် တစ်ခုရှိတယ်...အဲဒါကတော့ သူတို့က ညအချိန်ကျရင် လုံးဝမမြင်ရဘူး...ပြီးတော့ ကျွန်တော် တို့မှာ ရနံ့ဖုံးကွယ်ဆေးလုံး ရှိတယ်လေ...သူတို့က ကျွန်တော်တို့နှစ်ယောက်ရဲ့ အနံ့အသက် ကို အာရုံခံနိုင်တော့မှာ မဟုတ်ဘူး...ဒါကြောင့် ညမှောက်လာတဲ့အချိန်ကို စောင့်ပြီး ကျွန်တော်တို့က အေးအေးဆေးဆေး ဝင်သွားကြတာပေါ့…..” ယီယွမ် က ရှင်းပြလိုက်၏။
“ဒါက တကယ် အလုပ်ဖြစ်လို့လား…..”
ဖိန်ဇီရို က ယီယွမ် ကို လုံးဝ လက်မြောက်လိုက်ရပြီဖြစ်သည်။
ဒီကောင်က ဘယ်လိုလုပ်ပြီး ဒီလောက်ထိ သိနေရတာလဲ…..
သွေးနီတောင်ကြော သို့ မည်သူမှ လာရောက်ရဲခြင်းမရှိကြပေ။ စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် သိုင်းပညာရှင်များပင် ဤနေရာ၌ အချိန်အတော်ကြာ နေထိုင်ရဲခြင်း မရှိပေ။ သူတို့က လက်မောင်းရှည်ကျောက်တုံးမျောက်ဝံ များ၏ အလေ့အကျင့် ကို သိရှိနေလျှင်ပင် ဤနေရာသို့ မလာရဲကြပေ။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...