ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ်(10)
Chapter-111
ဖိန်လျှိုချင် ပြောသော စကားကြောင့် ဟုရန်ယွမ် မှင်တက်သွားခဲ့သည်။
ကိုယ်တွင်းစွမ်းအင်လေပွေမှ စွမ်းအင်များ အရူးအမူး စီးဆင်းနေမှု ပိုများလာသည်ကို ခံစားမိခဲ့ပြီး သူက နောက်ထပ်တစ်ကြိမ် တုန်လှုပ်သွားခဲ့၏။
ဤ ကိုယ်တွင်းစွမ်းအင်လေပွေ၏ စွမ်းအားက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် သို့ ကျော်ဖြတ်ရောက်ရှိလုနီးပါး ဖြစ်ပေသည်။
“ဒီလိုပြင်းထန်တဲ့ ကိုယ်တွင်းစွမ်းအင်တွေနဲ့ဆိုရင် ယီယွမ်က မခံနိုင်ဘဲ သေသွားမှာ မကြောက်ဖူးလား.....”
သို့ရာတွင် ရေကဲ့သို့တည်ငြိမ်သောနှလုံးသား အဆင့်က ဒဏ္ဍာရီအဆင့် ဖြစ်ပေ၏။ ယီယွမ်က ထိုစွမ်းအင်များကို အမှန်တကယ် ထိန်းချုပ်နိုင်ပေမည်လား။
ထိုအချက်ကို စဉ်းစားမိ၍ ဟုရန်ယွမ်က ကူရာကယ်ရာမဲ့စွာဖြင့် ဆက်၍ကြည့်ရှုနေရန်သာ တတ်နိုင်ခဲ့သည်။
“ဟားဟား...ဒီလူလိမ်ကောင် ကတော့ လူတွေကို ခဏခဏ အံ့အားသင့်စေတာပဲ…..”
ဟုရန်ယွမ် က စိတ်လှုပ်ရှားပျော်ရွှင်နေခဲ့သော်လည်း စူးယူဘိုင်၏ အမူအရာက လက်ရှိအချိန်၌ လုံးဝမကောင်းတော့ပေ။
မူလက သူသည် ယီယွမ် သေဆုံးပြီဟုသာ သတ်မှတ်ထားခဲ့၏။သို့သော် ယခု ယီယွမ်က အသက်ရှင်နေခဲ့ရုံသာမက သူက ဤအခြေအနေကို အသုံးပြု၍ အဆင့်တက်နေပြီ ဖြစ်သည်။
သူက အဆင့်(6)ချီစွမ်းအင်အဆင့် သို့ တက်ရောက်ထားခဲ့သည်မှာ ရက်အနည်းငယ်သာ ကြာသေးသော်လည်း ယခု အမှန်တကယ်ပင် နောက်တစ်ကြိမ် အဆင့်တက်နေပြီ ဖြစ်၏။
ယခုအချိန်တွင်တော့ စူးယူဘိုင်က ဤသို့ ပြင်းထန်သော ကိုယ်တွင်းစွမ်းအင်လေပွေကြောင့် ယီယွမ်သေဆုံးသွားရန် မျှော်လင့်ရုံသာ တတ်နိုင်ခဲ့သည်။
ထို့ပြင် ယီယွမ်က ကောင်းကင်ဘုံကိုးခုလျှောက်လမ်း တွင် ဒဏ္ဍာရီလာအဆင့်ဖြစ်သော ရေကဲ့သို့တည်ငြိမ်သောနှလုံးသား အဆင့်ကို ရောက်ရှိနေပေပြီ။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...