Chapter 33

3.9K 527 16
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ -ဖြိုးသူဝင်း

Chapter 33

သေခြင်းရှင်ခြင်း အဆုံးဖြတ်တိုက်ပွဲ ကြောင့် ယီယွမ်သေချာပေါက် သေဆုံးရပေမည်။ထိုသို့သော သာယာကြည်နူးဖွယ် အကြောင်းအရာကို ဝမ်ယွမ်က မည်သည့် နေရာတွင် ရှာဖွေရမည်နည်း???

ဝမ်ယွမ်၏ အမူအရာကို ကြည့်ပြီးယီယွမ်က ကျမ်းစာဆောင်ကို လျင်မြန်စွာ သွားနေခြင်းအား ရပ်တန့်လိုက်ပြီး ပြုံး၍ ပြောလိုက်သည်။"ဟုတ်တယ်လေ....လူပြန်ဝင်စားဖို့....ဒါပေမယ့် မင်းကိုပဲ လူပြန်ဝင်စားဖို့ ပို့ပေးလိုက်မှာ....."

ထိုစကားကိုကြားသော် ဝမ်ယွမ်ကျယ်လောင်စွာ ရယ်မောလိုက်၏။"ငါ့ကို လူပြန်ဝင်စားဖို့ ပို့ပေးမယ်ဟုတ်လား???ဟားဟားဟား!!!!!ငါဒီမှာ ရပ်နေတယ်လေ....မင်းလုပ်နိုင်ရင် လာလုပ်ပါလားဟ....မင်းက ပုံမှန်မဟုတ်တဲ့နည်းလမ်းတွေ သုံးပြီး အဆင့်(3)ချီစွမ်းအင် အဆင့်ကို ကျင့်ကြံနိုင်တာနဲ့ ငါ့ကို စိန်ခေါ်နိုင်မှာလား....."

ယီယွမ်က အလွန်ရယ်စရာကောင်းနေသည်ဟု သဘောထား၍ လျူ ယူရှီက သူမ၏ ပါးစပ်ကို လက်နှင့်ပိတ်ပြီး တခစ်ခစ်ရယ်နေခဲ့သည်။

လျူယူရှီ ၏ အမူအရာတိုင်းက ညှို့ဓာတ်များ ပါဝင်နေပြီး ယောက်ျားတိုင်း၏ ရမ္မက်များကို နှိုးဆွပေးနေခဲ့သည်။ဒန်ဝူအကယ်ဒမီရှိ ကျောင်းသားများမှာ အချစ်စိတ်ပြင်းထန်သော လူငယ်များဖြစ်ကြ၏။သူတို့၏ စိတ်ဓာတ်ခိုင်မာမှု မရှိလျှင် ထိုသို့သော ရမ္မက်ကြွဖွယ် စွဲဆောင်မှုများကို မည်သို့ ခံနိုင်ရည်ရှိကြမည်နည်း???

သူ၏ မူလပိုင်ရှင်သည် မိုက်မဲပြီး ရိုးသားသော ကလေးတစ်ယောက်သာ ဖြစ်ပြီး ခွန်အားမှာလည်း အလွန်အားနည်းပေရာ လျူယူရှီ ၏ ညှို့ ဓာတ်များကို မည်သို့ ခံနိုင်ရည်ရှိမည်နည်း???

ထိုအချိန်က လျူယူရှီ က သူ၏ဘေးတွင်နေသော်လည်း ရင်းနှီးသည်လည်းမဟုတ် အဖက်မလုပ်သည်လည်းမဟုတ်ဘဲ အချိန်အကြာကြီး ထိုသို့နေထိုင်ခဲ့ရာ သူ၏ မူလပိုင်ရှင်က ထိုအရာအတွက် လုံးဝ ကျရှုံးခဲ့ရခြင်းပင်။လျူယူရှီ၏ သေးငယ်သောလှည်းစားမှုတစ်ခုကြောင့် သူ၏မူလပိုင်ရှင် ထောင်ချောက်မိသွားခဲ့ပြီး သူ၏ အသက်ကို ဆုံးရှဲုးခဲ့ရခြင်းဖြစ်သည်။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now