Chapter 196

1.8K 203 2
                                    

Chapter-196

သူ၏ပါးစပ်ကိုဟလိုက်ချိန်တွင် ယမ်းမှုန့်ကဲ့သို့ စူးရှသော အနံ့ပြင်းတစ်ခုက ထွက်ပေါ်လာခဲ့သည်။

ယီယွမ်၏မျက်နှာက အနည်းငယ်ပျက်ယွင်းသွားခဲ့၏။ ဒီကာင်လေးက ဒီနေရာမှာ ချေးတွင်းကြီးကို တုတ်နဲ့ထိုးလာတဲ့ အနံ့ကြီးလိုမျိုးနဲ့ စကားပြောလို့ မသင့်တော်ဘူးလေ….. ဟုတ်တယ်မလား…..

မူလကတည်းက ယန်ဟွာ၏ မောက်မာပြီး ဘဝင်မြင့်နေသည့် အမူအရာကို ယီယွမ်က သဘောကျခဲ့ခြင်းမရှိပေ။ သူကဂျင်ယွန်ဟီ၏ မျက်နှာကိုထောက်ထားနေခဲ့၍သာ သူကယခုအချိန်ထိ သည်းခံနေခဲ့ခြင်းဖြစ်သည်။

ထိုသို့မဟုတ်ပါက ယီယွမ်၏စိတ်နေစိတ်ထားဖြင့်ဆိုလျှင် သူကယန်ဟွာကို အဖက်လုပ်၍ ပြောဆိုနေမည်မဟုတ်ပေ။

ဂျီးနီးယပ်များဟု ခေါ်ကြသူများမှာ ယီယွမ်၏မျက်လုံးထဲ၌ ဥာဏ်ထိုင်းသောလူပြက်များအဖြစ်ပင် မသတ်မှတ်ထားခဲ့ပေ။

“ဒါဆိုရင် ဂိုဏ်းတူအစ်ကိုယန်က သူ့ကိုယ်သူ ညံ့ဖျင်းတဲ့လူတစ်ယောက်ဆိုတာ ကောင်းကောင်းသိနေတယ်ပေါ့… ကြည့်ရတာ ခင်ဗျားက ကိုယ့်အခြေအနေကို ကိုယ်တိုင်ပဲ ကောင်းကောင်းသိနေတယ်နဲ့တူတယ်… ဂိုဏ်းတူအစ်ကိုယန်က အခြားသူတွေ မြှောက်ပင့်တာ တော်တော်လေးများလာတဲ့အချိန်ကျ သာယာသွားပြီးအနည်းငယ်လမ်းလွဲသွားမှာကို ကျွန်တော်စိုးရိမ်မိတယ်…..” တစ်ဖက်လူက သူ့အားမျက်နှာသာမပေးချင်မှတော့ ယီယွမ်ကလည်း ယဉ်ကျေးနေရန်မလိုအပ်တော့ပေ။

“ဟမ့်… နှစ်ပေါင်းတစ်ထောင်အတွင်းမှာ နံပါတ်တစ် ဂျီးနီးယပ်လို့ခေါ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်က ချီးကျူးခံလိုက်ရတာနဲ့ သာမန်ကမ္ဘာကြီးက မာနကြီးပြီး အောက်ခြေလွတ်နေတဲ့ လူအချို့နဲ့ တူတူပါပဲလား… ကောင်းကင်ဘုံကိုးခုလျှောက်လမ်းကို လျှောက်လှမ်းနိုင်ခဲ့တဲ့ လူတွေက နေရာတစ်ခုကို ကြုံရာကျပန်း ဖမ်းဆုပ်မိလိုက်ရတဲ့လူပဲဖြစ်တယ်… မင်းကအခုထိုင်ခုံတစ်လုံးရလိုက်တာလေးပဲ… ဒီလိုစွန့်စွန့်စားစားပြုလုပ်လိုက်တဲ့ အပြုအမူမျိုးကို အပြင်ဘက်အဖွဲ့ကပဲ အံ့ဩချီးကျူးလိမ့်မယ်…..”

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now