ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ် ( ၁၅ )
Chapter-168
နတ်ဘုရားမှင်တက်ခြင်းဆူးချွန် ပညာရပ်က ပြိုင်ဘက်၏နတ်ဘုရားစိတ်ဝိဉာဉ်ကို တိုက်ခိုက်ရန်အသုံးပြုသည့် ရိုးရှင်းသောနည်းပညာရပ်တစ်ခုဖြစ်သည်။ ထိုပညာရပ်က လုံးဝပင်ထူးခြားဆန်းကျယ်ခြင်းမရှိပေ။
အကယ်၍ စူးရီရှန်းကသာ ကြိုတင်ပြင်ဆင်ထားခဲ့လျှင် ယီယွမ်ကအောင်မြင်နိုင်တော့မည်မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ ယီယွမ်၌ အလယ်အလတ်အဆင့် မှော်ဆေးပညာရှင်မာစတာတစ်ယောက်၏ စိတ်ဝိညာဉ်ခွန်အားသာ ရှိနေသည်ဖြစ်၍ စူးရီရှန်းနှင့်တူညီသောအခြေအနေတစ်ခု၌သာ ရှိနေခဲ့၏။
သူ၏ယခုအချိန်တိုက်ခိုက်မှုက ရုတ်တရက် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
အမှန်တကယ်တွင် နတ်ဘုရားစိတ်ဝိညာဉ်လျှို့ဝှက်ပညာရပ်များက ယီယွမ်အတွက် အရေးကြီးသောအရာများ မဟုတ်ပေ။ သို့သော် ချင်နိုင်ငံကဲ့သို့သာမန်လူသားတိုင်းပြည်မျိုးတွင် ထိုပညာရပ်များက အလွန်ရှားပါးအဆင့်မြင့်သော ပညာရပ်များဖြစ်ကြ၏။
ထိုပညာရပ်က နတ်ဘုရားစိတ်ဝိညာဉ် လျှို့ဝှက်ပညာရပ်များမှ အဆင့်အနိမ့်ဆုံးအမျိုးအစားဖြစ်သည့်တိုင် အလွန်အဆင့်မြင့်ပေသည်။
ချင်နိုင်ငံမှ သိုင်းပညာရှင်များတိုက်ခိုက်ကြရာတွင် ပြိုင်ဘက်က နတ်ဘုရားစိတ်ဝိညာဉ် လျှို့ဝှက်ပညာရပ်တစ်ခုကို ထုတ်သုံးလိမ့်မည်ဟု သူတို့ကတွေးပင် မတွေးခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် ဤပညာရပ်မျိုးက အလွန်ရှားပါးလှသောကြောင့် ဖြစ်၏။
သို့ဖြစ်၍ နတ်ဘုရားစိတ်ဝိညာဉ် လျှို့ဝှက်ပညာရပ်များကို ပိုင်ဆိုင်သော သိုင်းပညာရှင်များက ရုတ်တရက်တိုက်ခိုက်မှုများတွင် အောင်မြင်မှုရရှိကြခြင်းဖြစ်သည်။
အလွန်နည်းပါးသောလူများကသာ ထိုပညာရပ်များအကြောင်း သိရှိကြ၍ ထိုအရာကိုဆန့်ကျင်ပြီး သတိတရားထားရှိရန်အသိမရှိရခြင်းက အလွန်ကြောက်စရာကောင်းပေ၏။ ရင်ဆိုင်တိုက်ခိုက်ကြသော တိုက်ပွဲတစ်ခု၌ အခြားပြိုင်ဘက်၏ နတ်ဘုရားစိတ်ဝိညာဉ် လျှို့ဝှက်ပညာရပ်တိုက်ခိုက်မှုကို အချိန်ပြည့်သတိထားနေရန်မှာ အလွန်ခက်ခဲပေသည်။ ထိုသို့စိတ်ဝိညာဉ်ကို နှောင့်ယှက်တိုက်ခိုက်ခြင်းခံလိုက်ရခြင်းကြောင့် အကြီးအကျယ် အနှောင့်အယှက်ပေးခံရခြင်း ဟူသောအကျိုးဆက်ကို ရရှိသွားရပေ၏။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...