Chapter 121

2.8K 330 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ်(11)

Chapter-121

ဝူလျှိုချန် က စူးရီရှန်းကို ရန်စလိုသည့် ရည်ရွယ်ချက် မရှိကြောင်း အထင်းသား သိမြင်နိုင်သည်။

စူးရီရှန်းက ခွန်းအားကြီးမားသည်သာမက သူ၏ နောက်ခံ အသိုင်းအဝိုင်း ကပါ အလွန်နက်ရှိုင်းပေ၏။

စူးမိသားစု၏ အင်အားကြီးမားပုံကို မေ့ထားလျှင်ပင် ဒန်ဝူအကယ်ဒမီ ၌ စူးယူဘိုင် ၏ အဆင့်အတန်း ကို ကြည့်ရုံဖြင့် မည်သူကမှ စူးရီရှန်းကို ရန်စရဲမည် မဟုတ်ပေ။

ယီယွမ်က ဝူလျှိုချန် ကို စိတ်မပါလက်မပါနှင့် ကြည့်လိုက်သည်။ “ကြောက်နေတာလား...စီနီယာ ကြောက်တယ်ဆိုရင် ပြန်လိုက်တော့...ကျွန်တော် လည်း စီနီယာ ကို ခေါ်မသွားချင်ဘူး…..”

ထိုအကြည့်က ဝူလျှိုချန် ကို လှုံ့ဆော်မှု ကြီးမားသွားခဲ့ပြီး သူ၏ ခေါင်းကိုမော့၍ ပြောလိုက်၏။ “ဘယ်...ဘယ်သူက ကြောက်လို့လဲ...ဒါက စူးရီရှန်း တစ်ယောက်ပဲ မဟုတ်လား...ငါ အဆင့်(3)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် အဆင့်ရောက်တဲ့အချိန်အထိ စောင့်ဦး...ငါ သူ့ကို သွားတွေကျွတ်ထွက်လာအောင် ရိုက်ပြမယ်…..”

“ဟမ့်...ဘာ အဆင့်(3)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် လဲ...နောက်ဆုံးတော့ ကြောက်တာက ကြောက်တာပါပဲ…..” ယီယွမ် က အထင်သေးစွာဖြင့် ဆက်လက်ပြောဆိုခဲ့သည်။

ဝူလျှိုချန် က ထိုစကားကို ကြားသော် ထခုန်လုမတတ်ဖြစ်သွားခဲ့၏။ သူက ဒန်ဝူအကယ်ဒမီ သို့ ရောက်လာသည့် အချိန်ကတည်းက သူ၏ အဘိဓာန် တွင် “ကြောက်ရွံ့သည်” ဟူသော စကားလုံး မရှိခဲ့ပေ။

သူက ယခုအချိန်၌ ရောက်ရှိနေသော အဆင့်အတန်း ကို စိန်ခေါ်တိုက်ခိုက်ခြင်း နည်းဖြင့် ရောက်ရှိလာခဲ့၏။

အကယ်ဒမီရှိ လူများအနက် သူလို ထူးခြားသော နာမည် ရှိသူ လုံးဝမရှိပေ။

သို့သော် သူက စိန်ခေါ်တိုက်ခိုက်ပြီး အနိုင်ယူလာခဲ့ခြင်းဖြစ်ရာ မည်သည့်အချိန်တွင် သူက တစ်စုံတစ်ဦးကို ကြောက်ရွံ့သွားခဲ့ရသနည်း။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now