Chapter 56

3.6K 530 26
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ -ဖြိုးသူဝင်း

Chapter 56

"ဟူး!!!ယီယွမ်က အံ့သြစရာတစ်ခု လုပ်ဖို့ မဖြစ်နိုင်တော့ဘူး.....ဒါပေမယ့် ဒီအဆင့်အထိ ရောက်လာတာကိုက အလွန်ထူးချွန်နေပြီ.....သူက အဆင့်(4)ချီစွမ်းအင်အဆင့်သာ ရှိသေးတာလေ....ငါတို့ချင်နိုင်ငံရဲ့ ဒန်ဝူအကယ်ဒမီမှာ အသက်ဆယ့်ငါးနှစ်အရွယ် ဂျီးနီးယပ် တစ်ယောက် ပြန်လည်ပေါ်ထွက်လာခဲ့ပြီ....."

ဟုရန်ယွမ်က ယီယွမ်ပြသခဲ့သော ခွန်အားကြောင့် အံ့သြ ထိတ်လန့်သွားခဲ့သည်။ အနက်ရောင်အဆင့်စမ်းသပ်စစ်ဆေးခြင်း ကို သူ၏ အဆင့်(4)ချီစွမ်းအင်အဆင့်နှင့် စိန်ခေါ်ရင်ဆိုင်ခဲ့ခြင်းမှာ ထိတ်လန့်ဖွယ်ရာပင်။

ယနေ့တွင် ထိုအဆင့်မျှဖြင့် ရပ်တန့်သွားမည်ဆိုလျှင်ပင် အနက်ရောင်အဆင့်စမ်းသပ်စစ်ဆေးခြင်းကို ယီယွမ်က အဆင့်(6)ချီစွမ်းအင်အဆင့်သို့ ရောက်ရှိရန်မလိုဘဲ အဆင့်(5)ချီစွမ်းအင်အဆင့်ဖြင့်ပင် အောင်မြင်စွာ ကျော်ဖြတ်နိုင်မည်ဖြစ်ကြောင်း ဟုရန်ယွမ် ယုံကြည်နေခဲ့၏။

"အိုးဟိုးဟိုး!!!ပြီးတော့မယ်...အဆုံးသတ်ပြီ....ယီယွမ်က ဒီတိုက်ခိုက်မှုကိုတောင့်မခံနိုင်တော့ဘူးပဲ....."

"ဟူး.....သူက နောက်ထပ်အခွင့်အရေးမရှိတော့ဘူး.....အခု သူက ဒဏ်ရာအပြင်းအထန် ရထားပြီမလား???အခုအချိန်က သူ့ရဲ့ နောက်ဆုံးအကန်အသတ်နဲ့တူတယ်....."

"အံ့သြဖွယ် ကိစ္စတွေကို ဖန်တီးဖို့က အဲ့လောက်မလွယ်ဘူး.....ဒါပေမယ့် ယီယွမ်က တကယ်ထူးချွန်ပါတယ်.....ဂိုဏ်းတူအကိုကြီးလောင်ထန်က အဆင့်(7)ချီစွမ်းအင်အဆင့်ရောက်မှသာ အနက်ရောင်အဆင့်စမ်းသပ်စစ်ဆေးခြင်း ကို အောင်မြင်ခဲ့တာလေ.....အခု ယီယွမ်က အဆင့်(4)ချီစွမ်းအင်အဆင့် သာရှိနေပေမယ့် အဲ့ဒီအဆင့်ကို ယှဉ်ပြိုင်နေပြီလေ....."

"နှမပေးလေးရေ.....မင်းပထွေးက ဒီမှာစောင့်ကြည့်နေရတာ နေ့တစ်ဝက်ရှိပြီလေ....မင်း က အခုထိ မရှုံးနိမ့်သေးဘူး....."

ယီယွမ်၏ ရှုံးနိမ့်တော့မည့် အရိပ်အယောင် ကို မြင်နေရ၍ ပတ်ဝန်းကျင် မှ ကျောင်းသားများက ထိုအကြောင်းကို ပြောနေခဲ့ကြသည်။အနည်းငယ်က ယီယွမ်၏ ရှုံးနိမ့်မှုကို သနားနေခဲ့ကြ၏။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now