ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ -ဖြိုးသူဝင်း
Chapter 42
ယီယွမ်က ဖိန်ချင်းပေါင် ၏ မျက်နှာကို ရိုက်နှက်နေခြင်းမှာ ဝမ်ယွမ်၏ မျက်နှာကိုပါ တစ်ခါတည်း ရိုက်လိုက်ခြင်းပင်.....
ယခုတိုက်ပွဲတွင် လူများစွာ လာရောက်ကြည့်ရှုကြ၏။ဖိန်ချင်းပေါင်က သူ၏ အစေခံဖြစ်ကြောင်း မည်သူက မသိပဲနေမည်နည်း။
သူ၏စိတ်ထဲတွင် ဖိန်ချင်းပေါင်ကို အကြိမ်ပေါင်းများစွာ ရိုက်နှက်ချင်နေခဲ့သော်လည်း တိုက်ပွဲစင်မြင့်ပေါ်ရှိ လက်ရှိအခြေအနေကို ကူညီပေးနိုင်ခြင်း မရှိပေ။
ဝမ်ယွမ်တွင် ဟုရန်ယွမ် လို ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိခဲ့ချေ။ယီယွမ်က သုံးကွက်အကြောပေးသည်ကို အသုံးချပြီး ဖိန်ချင်းပေါင်က သတိမမူမိသော အခြေအနေဖြစ်၍ ရိုက်နှက်နိုင်ခဲ့ခြင်း ဖြစ်မည်ဟု ထင်မှတ်နေခဲ့သည်။
ဖိန်ချင်းပေါင်က ယီယွမ်ကို ပြိုင်ပွဲမစမီက ပြောခဲ့သော သုံးကွက်အကြောပေးမည် ဆိုသည်မှာ ယခုအချိန်တွင် ဟာသတစ်ခုဖြစ်နေခဲ့၏။
တိုက်ကွက် ဆယ်ကွက်ကျော်လာပြီဖြစ်သော်လည်း ဖိန်ချင်းပေါင်က ပြန်လည်တိုက်ခိုက်မှု မလုပ်နိုင်ခဲ့ပေ။
"ဖိန်ချင်းပေါင်....မင်းက ဝက်လိုထိုင်းမှိုင်းမနေနဲ့ဟ!!!!မြန်မြန် "လေကိုဖမ်းခွဲခြင်း"ပညာရပ်ကို အသုံးပြုလိုက်တော့....."ဝမ်ယွမ် အသာငြိမ်ထိုင်မနေနိုင်တော့ဘဲ အလွန်ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
အမ်!!!!!
ဝမ်ယွမ်၏ အော်ဟစ်ပြောဆိုသံကို ကြားလိုက်ရ၍ စုဝေးနေကြသော ပရိသတ်ရာပေါင်းမျစွာတို့က သူ့ကို လှမ်းကြည့်လိုက်ကြ၏။
ထိုအရာက ယီယွမ်၏ အာရုံကိုပါ ဖမ်းစားသွားခဲ့၏။ယီယွမ်က လှမ်းကြည့်လိုက်ပြီး ဖိန်ချင်းပေါင်ကို ပြင်းထန်စွာ ရိုက်နှက်နေမှုအား ရပ်တန့်လိုက်သည်။
"ပါးစပ်ပိတ်ထားစမ်း!!!ဒါက သေခြင်းရှင်ခြင်း အဆုံးအဖြတ်တိုက်ပွဲကွ......ဘယ်သူက မင်းကို အော်ဟစ်ပြောဆိုခွင့်ပေးလို့လဲ???"ဟုရန်ယွမ် က ဝမ်ယွမ်ကို လှည့်ကြည့်လိုက်ပြီး ဒေါသတကြီး ဆူပူလိုက်၏။ စိတ်ဝိဥာဉ်ဖွဲ့စည်းခြင်းနယ်ပယ် ၏ စွမ်းအားများ ပေါ်ထွက်လာပြီး ဝမ်ယွမ်ကို အသက်ရှူ ရပ်မတတ်ဖြစ်သွားစေခဲ့၏။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...