ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ်(10)
Chapter-112
ယီယွမ်က ကျန်ရှိနေသော ခြေလှမ်းများကို ခြံဝင်းထဲ၌ အေးအေးလူလူ လမ်းလျှောက်နေသကဲ့သို့ လျှောက်လှမ်းနေခဲ့သည်။
ရေကဲ့သို့တည်ငြိမ်သောနှလုံးသား အဆင့်ကို ရောက်ရှိနေပြီဖြစ်၍ ကောင်းကင်ဘုံကိုးခုလျှောက်လမ်း ၏ ပုံရိပ်ယောင်ကမ္ဘာက သူ့အတွက် အနှောင့်အယှက် မဖြစ်တော့ပေ။
သူက တစ်လှမ်းပြီးတစ်လှမ်း ခိုင်ခန့်သန်မာစွာ လျှောက်လှမ်းနေပြီး ဒုတိယအဆင့် တစ်ခုလုံးကို ချက်ချင်း ကျော်ဖြတ်သွားခဲ့၏။
ဤမြင်ကွင်းကို မြင်သော် စူးယူဘိုင်၏ မျက်နှာက မည်းမှောင်သွားခဲ့သည်။
သူက ယီယွမ်ကို သေဆုံးပြီဟု နှစ်ခါ ထင်ခဲ့သော်လည်း ယီယွမ်အသက်ပြန်လည်ရှင်သန်လာမည်ဟု မထင်ခဲ့ပေ။
သူက အသက်ရှင်နေသည်သာမကဘဲ ပို၍ ခွန်အားကြီးမားလာခဲ့၏။
ယခု စူးယူဘိုင်က ထွက်ခွာသွားခြင်းလည်းမရှိသလို ပြန်ဝင်သွားခြင်းလည်း မရှိဘဲ သူက ကို့ရို့ကားယား ရပ်နေခဲ့သည်။
သူက ထွက်ခွာသွားခြင်းမပြုခဲ့ပေ။အကယ်၍ သူက ယီယွမ်ကို ကောင်းကင်ဘုံကိုးခုလျှောက်လမ်း က အဖြစ်ဖြတ်သုတ်သင်လိုက်သည်ကို မျက်မြင်မတွေ့ရပါက သူပြန်သွားပြီးနောက် စားဝင် အိပ်ပျော်မည် မဟုတ်တော့ပေ။
သို့သော် သူက ဂေဟာထဲမှ ထွက်လာခဲ့ပြီ ဖြစ်၏။ သူက မည်သို့ ထွက်သွားရမည်နည်း။အကယ်၍ သူက အထဲသို့ ပြန်ဝင်လာပြီး ထိုင်နေမည်ဆိုပါက ဤအခြေအနေက မည်သို့ ဖြစ်သွားမည်နည်း။
သူက မျက်နှာပျက်ရမည့်အလုပ်ကို မည်သို့ လုပ်နိုင်မည်နည်း။
စူးယူဘိုင်၏ မျက်နှာက မကြာခဏ အရောင်ပြောင်းနေခဲ့၏။နောက်ဆုံးတွင် သူ၏ အင်္ကျီလက်ကို ခါယမ်းကာ ပြန်ထွက်သွားပေသည်။
အခြားအကြီးအကဲများကလည်း ယီယွမ်က ဖြတ်ကျော်မှု အောင်မြင်မည်ကို မြင်တွေ့လိုနေကြ၏။ ဤအရာက သမိုင်းဝင် အခိုက်အတန့် ဖြစ်ပေလိမ့်မည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...