Chapter 185

1.9K 197 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၁၆ )

Chapter-185

ကျီးကန်းနက်အဖိုးကြီး၏ ထိတ်လန့်နေသောမျက်လုံးများအောက်တွင် ယွမ်ဖန်းက လေထဲမှပေါ်ထွက်လာခဲ့သည်။

ယွမ်ဖန်း၏ပေါ်ထွက်လာမှုက သူ့အားအကြီးအကျယ်ထိတ်လန့်သွားစေခဲ့သော်လည်း နောက်မှအတူကပ်ပါလာခဲ့သည်မှာ အလွန်အမင်း စိတ်လှုပ်ရှားပျော်ရွှင်မှု ဖြစ်ပေ၏။

“နယ်မြေဝိညာဉ်မှော်ရတနာ… မင်းမှာတကယ်ပဲ နယ်မြေဝိညာဉ်မှော်ရတနာတစ်ခုရှိနေတာကိုး… ဟားဟားဟား… ကောင်းကင်ဘုံကတကယ်ပဲ သူ့ရဲ့မျက်လုံးတွေကို ဖွင့်ထားတာပဲကိုး… သူကငါဆိုတဲ့ကျီးကန်းနက်အဖိုးကြီးကို တန်ဖိုးဖြတ်မရတဲ့ရတနာတစ်ခု ပေးခဲ့ရုံသာမကဘူး နယ်မြေဝိညာဉ်မှော်ရတနာတစ်ခုကိုပါ ငါရရှိဖို့ ခွင့်ပြုပေးခဲ့တယ်…..” ကျီးကန်းနက်အဖိုးကြီးက ရူးသွတ်လုမတတ် အားပါးတရ ရယ်မောနေခဲ့သည်။

ကျီးကန်းနက်အဖိုးကြီး၏ အမူအရာကိုမြင်သေိာ ယီယွမ်၏ စိတ်ထဲမှ ကျီးကန်းနက်အဖိုးကြီး၏ အသိဥာဏ်ကင်းမဲ့မှုကြောင့် အရူးတစ်ယောက်ဟုသာ ယူဆထားလိုက်တော့၏။

သူက နယ်မြေဝိညာဉ်မှော်ရတနာကို ထုတ်ပြရဲသည့်အတွက် သူက သူ့ကိုယ်သူ
သာမန်ကာလျှံကာ ယုံကြည်မှုမျိုးထားရှိခြင်း မဟုတ်တော့ပေ။

လူတိုင်းကဘာလို့ အလွန်အမင်း စိတ်ကြီးဝင်ပြီး တရားသေသတ်မှတ်ကြလေ့ရှိကြတာလဲ… ဖန်းယွဲ့ချိန်ကော ကျီးကန်းနက်အဖိုးကြီးကော ထိုသို့လူစားများဖြစ်ကြသည်။

ရတနာတစ်ခု ပေါ်ပေါက်လာသည်နှင့် ထိုရတနာက သူတို့အတွက် ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ယူဆထားခဲ့ကြခြင်းဖြစ်၏။

အကယ်၍ ဖန်းယွဲ့ချိန်က သူ၏စိတ်ကို ဖြောင့်မတ်တည်ကြည်စွာ ထားရှိခဲ့မည်ဆိုပါက သူ့ကိုထောင်ချောက်အတွင်းသို့ ကျရောက်သွားစေရန် ပြုလုပ်ခြင်းက ဤကဲ့သို့လွယ်ကူသောအရာတစ်ခု ဖြစ်လာတော့မည် မဟုတ်ပေ။

“ယွမ်ဖန်း… ခုနှစ်စင်ကြယ်မဟာဝင်္ကပါကို လေ့ကျင့်တာအောင်မြင်သွားပြီလား…..” ယီယွမ်က အသံလျှို့ဝှက်ပြောဆိုလိုက်သည်။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now