ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်စာရေးသူ-ဖြိုးသူဝင်း
စာစဉ်-8
Chapter-83
နှစ်ရက်ကြာပြီးနောက် တောင်၏ နောက်ဘက်ရှိ ဆေးဥယျာဉ်တစ်ခုတွင် အစိမ်းရောင်ဝတ်စုံနှင့် မိန်းမငယ်လေးတစ်ယောက် မှာ ပောင်းပင်များကို ရှင်းနေခဲ့သည်။
သူမ၏ မျက်နှာတွင် အညစ်အကြေး အစွန်းအထင်းများ ထင်ကျန်နေပြီး သူမ၏ ဆံပင်များမှာလည်း ဖရိုဖရဲ ဖြစ်နေ၏။ သူမ၏ နဖူးပြင်မှလည်း ချွေးများစီးကျနေပြီး အဝတ်အစားများကလည်း စုတ်ပြဲနေကြသည်။ သူမမှာ အလွန်သနားစရာကောင်းနေ၏။
သို့ရာတွင် ထိုမိန်းမငယ်လေးမှာ ခေါင်းမာသော အမူအရာရှိနေပြီး အံကြိတ်ထားခဲ့သည်။
ထိုမိန်းမငယ်လေးမှာ ကျန်းဟန်နှင့် အတူ ဤနေရာသို့ လာခဲ့သော လျူအာပင်ဖြစ်သည်။သူမက ဆေးဥယျာဉ်ထဲတွင် အချိန်နှစ်ရက်ကြာအောင် အလုပ်များကို မနားမနေ လုပ်ကိုင်ခဲ့ရ၏။
နူးညံ့သိမ်မွေ့သော လျူအာ နေရာတွင် မောပန်း၍ မျက်တွင်းကျနေသော လျူအာ ပြောင်းလဲ ဖြစ်ပေါ်သွားခဲ့သည်။
ပေါင်းပင်များကို ရှင်းလင်းရသည်မှာ သိုင်းပညာရှင်များအတွက် ပင်ပန်းသောအလုပ်မဟုတ်ပေ။ရက်ပေါင်းများစွာကြာအောင် မအိပ်မနေ လုပ်ဆောင်လျှင်ပင် ထိုသို့ ပင်ပန်းနေရန် မဖြစ်နိုင်ပေ။
သို့ရာတွင် ဆေးဥယျာဉ်ထဲတွင် မြက်ရှင်းခြင်းမှာ သက်သာသောအလုပ် မဟုတ်ပေ။ ပောင်းပင်များမှာ ကောင်းကင်နှင့် မြေကြီးမှ စွမ်းအင်များကို စုပ်ယူစားသုံးရသောကြောင့် အမြစ်များ နက်ရှိုင်းစွာ ကုပ်တွယ်နေခဲ့၍ ဖြစ်၏။
ထိုအမြစ်များကို ဖယ်ရှားရန် ကိုယ်တွင်းစွမ်းအင်များကို အသုံးပြုရန်လိုအပ်သည်။
ထို့ကြောင့် ပောင်းရှင်းခြင်းမှာ ခက်ခဲသော အလုပ် ဖြစ်၏။
အကယ်ဒမီတွင် ဤ အလုပ် ကို လုပ်ဆောင်ချင်သူမရှိပေ။ သို့ဖြစ်၍ အကယ်ဒမီသို့ စတင်ဝင်ရောက်လာသော ကျောင်းသားသစ်များမှာ ဤသို့သော အလုပ်များကို လုပ်ဆောင်ရလေ့ရှိသည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...