Chapter 38

3.6K 501 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ -ဖြိုးသူဝင်း

Chapter 38

သူ၏ စကားများက နောက်တစ်ကြိမ် ထပ်မံထွက်ပေါ်လာခဲ့သည်။"နောက်ဆုံးအချိန်မှာ ဗုဒ္ဓခြေတော်ရိပ်ခိုလှုံတာက ဘာအကြောင်းကြောင့်လဲ...ဒီသုံးရက်အတွင်း ယီယွမ်သာ တံခါးပိတ်လေ့ကျင့်နေတာ မဟုတ်ဘူး...ဖိန်ချင်းပေါင်ကလဲ တံခါးပိတ်လေ့ကျင့်နေတယ်...ဖိန်ချင်းပေါင်က အဆင့်(4)ချီစွမ်းအင်အဆင့်ရောက်နေတာ တော်တော်ကြာခဲ့ပြီ...ရုတ်တရက် အဆင့်(5)ချီစွမ်းအင်အဆင့်ကို ရောက်မသွားနိုင်ဘူးလို့ ဘယ်သူက သိမှာလဲ...အဲဒီလိုသာဆိုရင် ယီယွမ်က သေချာပေါက်ရှုံးပြီးသေရလိမ့်မယ်..."

"ဒါက မှန်တယ်လို့လဲ မဆိုနိုင်ဘူး...ယီယွမ်က လျှပ်တစ်ပြက်အလင်း ပညာရပ်ကို အောင်မြင်မှု ကြီးမားသောအဆင့်ရောက်အောင် ကျင့်နိုင်တယ်လို့ ငါကြားဖူးတယ်...အဲဒါသာအမှန်ဆိုရင် ယီယွမ်က မရှုံးနိုင်တော့ဘူး...."

"လျှပ်တစ်ပြက်အလင်း ဟုတ်လား..??ဘာလုပ်ရမှာလဲ??အဆင့်နိမ့်နယ်ပယ်တွေမှာ တိုက်ခိုက်ရေးစွမ်းအင် မသုံးဘဲ လျှပ်တစ်ပြက်အလင်းပညာရပ်ကို အသုံးပြုလို့ရတယ်လို့တော့ ငါ့ကိုလာမပြောနဲ့... သူ့ရဲ့ ကိုယ်တွင်းစွမ်းအင်တွေ များပြားနေတယ်ဆိုရင်တောင် မရှုံးနိမ့်ဘဲနေမှာမဟုတ်ဘူး...လျှပ်တစ်ပြက်အလင်းက ထူးဆန်းတယ်ဆိုပေမယ့် စွမ်းအားကြီးတာတော့မဟုတ်ဘူး..."

"ယီယွမ်က ဒီသုံးရက်အတွင်း တံခါးပိတ်လေ့ကျင့်နေတာကို မင်းသိအောင် ငါကပြောပြနေတာ...အချိန်တိုအတွင်း ကျင့်စဉ်အဆင့်တိုးမြင့်သွားဖို့ မဖြစ်နိုင်တဲ့အတွက် သူက ထူးဆန်းတဲ့သိုင်းပညာရပ်တစ်ခုခုကို လေ့ကျင့်နေလောက်တယ်...ဒီရက်အနည်းငယ်အတွင်းမှာ ယီယွမ်က ကျမ်းစာဆောင်ကိုသွားခဲ့တယ်...အို ဟုတ်သားပဲ အဲ့နေ့က ဂိုဏ်းတူအကိုကြီးဇောင်တာဝန်ကျနေတာမဟုတ်လား...ယီယွမ်က ဘာကိုရွေးသွားတာလဲ အကိုကြီးဇောင်???"

ခွန်အားများဆန်းစစ်နေသည်ကို နားထောင်နေသော ဇောင်ချူးရန်က အဓိကအကြောင်းအရာမှာ သူ့ဘက်သို့ဦးတည်လာမည်ဟု ထင်မထားခဲ့ပေ။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now