Chapter 101

3.2K 390 5
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ်(9)

Chapter-101

တောင်၏အနောက်ရှိ အစည်းအဝေးခန်းမ တွင် အကြီးအကဲ ခြောက်ယောက်ရောက်ရှိနေခဲ့သည်။

စူးယူဘိုင်အပါအဝင် လက်ထောက်ဌာနမှူးနှစ်ယောက်နှင့် အကြီးအကဲ သုံးယောက် မှာ ဒန်ဝူအကယ်ဒမီ တွင် ဌာနမှူး မှလွဲ၍ ရာထူးအမြင့်ဆုံးဖြစ်၏။

အမှန်တကယ်တွင် ဌာနမှူး ကသာ အဆင့်အမြင့်ဆုံးဖြစ်သည်။သူက အကယ်ဒမီတွင် ဗီတိုအာဏာ သုံးနိုင်သည့် တစ်ဦးတည်းသော သူဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူက ငြိမ်သက်တိမ်တိုက်အဖွဲ့ ကို ကိုယ်စားပြု၍ပင် ဖြစ်၏။

“လက်ထောက်ဌာနမှူးများနဲ့ အကြီးအကဲများခင်ဗျား...မြေကမ္ဘာအဆင့်ကျောင်းသားတစ်ယောက်က အကယ်ဒမီရဲ့ စည်းကမ်းတွေကို ဖောက်ဖျက်ပြီး ကျောင်းသားနှစ်ယောက်ကို တစ်နေ့တည်း သတ်ဖြတ်ခဲ့တယ်...ဒီနေ့...ကျွန်တော်က အဲဒီကျောင်းသားနဲ့ ပတ်သက်ပြီး ဘယ်လို အပြစ်ပေးရမလဲဆိုတာ ဆုံးဖြတ်ဖို့ စည်းဝေးဖို့ ဖိတ်ကြားလိုက်တာပါ…..”

စူးယူဘိုင် က အစည်းအဝေးပြုလုပ်ရန် ဖိတ်ကြားသူဖြစ်၍ ရှင်းပြလိုက်ပေသည်။

“မြေကမ္ဘာအဆင့်ကျောင်းသားတစ်ယောက်က ဒီလိုအပြုအမူမျိုး လုပ်ရဲတယ်ပေါ့...ဘာလို့ ဆွေးနွေးနေမှာလဲ...သေဒဏ်ပေးလိုက်တော့လေ…..” လက်ထောက်ဌာနမှူးတစ်ယောက်က ထိုစကားကို ကြားပြီး ချက်ချင်းပြောဆိုလိုက်၏။

“ဟုတ်တယ်...အကယ်ဒမီရဲ့ စည်းကမ်းအရ လူသတ်တာက သေဒဏ်ပဲလေ...ဘာလို့ ဆွေးနွေးနေတော့မှာလဲ…..” အခြားအကြီးအကဲတစ်ယောက်က ထောက်ခံခဲ့သည်။

“အကြီးအကဲစူး...အဲဒီကျောင်းသားက ဘယ်သူလဲဆိုတာ ငါသိချင်တယ်…..” ထိုအချိန်၌ အခြား လက်ထောက်ဌာနမှူးတစ်ယောက်က မေးမြန်းလိုက်၏။

စူးယူဘိုင် က ထိုသူကို မကျေမနပ် ကြည့်လိုက်၏။ထိုပုဂ္ဂိုလ်က အမြဲတမ်းပူးပေါင်းမှု မရှိပေ။စိတ်တိုစရာကောင်းလွန်းပေသည်။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now