Chapter 80

3K 421 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ်(7)

Chapter-80

နံနက်ခင်း စောစောတွင် သင်းရနံ့ဆေးဂေဟာက သူတို့၏ လုပ်ငန်များကို ပုံမှန်အတိုင်း လုပ်ဆောင်နေကြ၏။ အထူးသဖြင့် ပုံမှန်အတိုင်း ပင် လူသူကင်းမဲ့နေဆဲ ဖြစ်သည်။

ဖုန်းစန်း က ကုလားထိုင် တစ်လုံးပေါ်တွင် ထိုင်၍ စာအုပ်တစ်အုပ်ကို ကိုင်ကာ အေးအေးဆေးဆေး ဖတ်နေခဲ့၏။

လွန်ခဲ့သော ရက်များအတွင်း သူ၏ စိတ်က ငြီးငွေ့နေခဲ့သည်။သူက သင်းရနံ့ဆေးဂေဟာ တွင် နှစ်ပေါင်းများစွာ အလုပ်လာခဲ့ပြီး အမြဲတမ်း အလုပ်များလွန်း၍ သူ့အား အမြဲ မူးနောက်နေစေခဲ့၏။ ထို့ကြောင့် သူက အနားယူချိန် တစ်ချို့ လိုချင်နေခဲ့သည်။

ယခု သူက အမှန်တကယ် အနားယူချိန် ရရှိနေခဲ့သော်လည်း မပျော်ရွှင်ခဲ့ပေ။

သူ၏ မျက်လုံးများက စာအုပ်ပေါ်တွင်သာ ရှိနေခဲ့ပြီး သူ၏ စိတ်ကတော့ စာအုပ်အပေါ်တွင် မရှိခဲ့ပေ။

ဖုန်းစန်းစိုးရိမ်နေသည်မှာ သူတို့၏ သခင်လေး ယီယွမ် အတွက်ဖြစ်သည်။ ယမန်နေ့က မှော်ဆေးပညာရှင်အစည်းအရုံး၏ စာမေးပွဲမှ ပြန်လာပြီးနောက် ယီယွမ်က အလွန်ပင်ပန်းနေခဲ့၏။ ထိုမျှ အင်အား အလွန်အကျွံသုံးစွဲရလောက်အောင် ယီယွမ် က မည်သည့် ဆေးလုံးကို ဖော်စပ်ခဲ့သနည်း။

ထို့ထက် ထူးဆန်းသည်မှာ ယီယွမ်က ညဝက်ခန့်တွင် ခွန်အားအပြည့်အဝ ပြန်လည်ရရှိသွားခဲ့ပြီး သူ၏ ကိုယ်တွင်းစွမ်းအင်များ အားလုံးနီးပါး ပြန်လည်ပြည့်ဝလာခဲ့၏။

ထို့နောက် သခင်လေးက လျူအာကို ခေါ်ဆောင်၍ ညတွင်းချင်း ဒန်ဝူအကယ်ဒမီ သို့ ပြန်သွားခဲ့သည်။

သခင်လေးက အန္တရာယ်နဲ့ နောက်တစ်ခါ ကြုံတွေ့ရလို့ ရှောင်တိမ်းဖို့ အကယ်ဒမီကို ပြန်သွားတာလား.....

ဒါပေမဲ့ သခင်လေးက မနေ့တုန်းက မှော်ဆေးပညာရှင်အစည်းအရုံး ကို သွားခဲ့တာ...သူက မှော်ဆေးပညာရှင်အစည်းအရုံးကို ကပြောင်းကပြန် ဖြစ်အောင် လုပ်ခဲ့တာတော့ မဟုတ်လောက်ပါဘူး.....

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now