ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ်(9)
Chapter-103
နောက်သုံးရက်အကြာ ကောင်းကင်ဘုံကိုးခု တောင်ထိပ် ၌…..
ကျောင်းသားများက ထိုနေရာတွင် ကြိတ်ကြိတ်တိုးစည်ကားနေရာရေပက်မဝင်အောင်ပင် ဖြစ်နေတော့သည်။
ကောင်းကင်ဘုံကိုးခုလျှောက်လမ်းက ဤနှစ်များတွင် ကြုံတောင့်ကြုံခဲ ဖြစ်ရပ်ပင် ဖြစ်ရာ သူတို့က ဤသို့ ခမ်းနားကြီးကျယ်သော ဖြစ်ရပ်ကို မလွဲချော်စေလိုကြပေ။
ဒန်ဝူအကယ်ဒမီတစ်ခုလုံးက ပျော်ပွဲရွှင်ပွဲကြည့်သလို လာရောက်ခဲ့ကြ၏။
ယခင်ရက်များက ဖြစ်ရပ်များကြောင့်သာ မဟုတ်ပါက ယနေ့ ဖြစ်ရပ်က ထိုမျှ ကြီးကျယ်ခမ်းနားမည် မဟုတ်ပေ။
အဆင့်(6)ချီစွမ်းအင်အဆင့် ဖြင့် ကောင်းကင်ဘုံကိုးခုလျှောက်လမ်းကို စိန်ခေါ်ခြင်းမှာ သေတွင်းထဲသို့ ဝင်လိုက်ခြင်းပင်ဖြစ်သည်။မည်သည့်အတွက် မကြည့်ရှုဘဲ နေရမည်နည်း။
ယီယွမ်ပြုလုပ်ခဲ့သော အပြုအမူများကြောင့် ဝေဖန်ဆွေးနွေးမှုများ ထွက်ပေါ်လာခဲ့ပြီး အကယ်ဒမီရှိ လူတိုင်းက ထိုအကြောင်းများကို သိရှိနေခဲ့ကြပြီ ဖြစ်သည်။ ယခု ယီယွမ်၏ ဂျီးနီးယပ် ဆန်သော စွမ်းရည်များက သူတို့လိုက်မမီနိုင်တော့ကြောင်း လူတိုင်းသိရှိသွားခဲ့ကြ၏။ ယီယွမ်က နောက်တစ်ကြိမ် အံ့အားသင့်စရာ တစ်ခုကို ဖန်တီးနိုင်မည်လော။
သူတို့၏ စိတ်တွင် ထိုအတွေးကို မဖြစ်နိုင်ဟုထင်ကြသော်လည်း မျှော်လင့်ချက်အနည်းငယ် ရှိနေသေးသည်။
ကောင်းကင်ဘုံကိုးခု တောင်ထိပ် ၏ မျက်နှာချင်းဆိုင်တွင်ရှိသော တောင်ပေါ်၌ ဂေဟာတစ်ခု ရှိပေ၏။
ဤနေရာက ကောင်းကင်ဘုံကိုးခုလျှောက်လမ်းကို စောင့်ကြည့်ရန် အသင့်တော်ဆုံး နေရာဖြစ်သည်။
ဂေဟာထဲရှိ စားပွဲတစ်ခုတွင် လူများစွာ ထိုင်နေကြ၏။သူတို့သည် စူးယူဘိုင်နှင့် အခြားအကြီးအကဲများ ဖြစ်ကြ၏။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...