Chapter 29

4.4K 528 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ -ဖြိုးသူဝင်း

Chapter 29

ယီဟန်က ယီယွမ်ကို ဒန်ဝူအကယ်ဒမီသို့ တက်ရောက်စေခြင်းမှာ အကျိုးကျေးဇူး တစ်ချို့ ရှိခဲ့၏။သူက နောက်ဆုံးအဆင့်ကဖြစ်သော်လည်း အတန်းအချို့ကိုတက်ရောက်ခဲ့ပြီး တစ်ချို့အရာများကို လေ့လာနိုင်ခဲ့ပေသည်။

ထိုအရာများသည် လက်ရှိယီယွမ်အတွက် မလိုအပ်သော်လည်း လူများကို လှည့်စားရန်အတွက် အသုံးဝင်မှုရှိပေ၏။

လက်ရှိယီယွမ်၏ ခွန်အားအရ "လျှပ်တစ်ပြက်အလင်း"သည် လက်တွေ့အသုံးကျသော သိုင်းပညာရပ်တစ်ခုဖြစ်ပြီး အသုံးမဝင်သော အရာမဟုတ်ခဲ့ချေ။

ထိုပညာရပ်တွင် မိုးကောင်းကင်တာအို၏ သဘော ပါဝင်နေသည်ဆိုသော်လည်း တစ်စွန်းတစ်စကို နားလည်မိရန်သာ ပါဝင်ပြီး တာအိုတစ်ခုလုံးနှင့် ယှဉ်လျှင် ပါမွှားလေးပင်ဖြစ်၏။

ယီယွမ်က မူလပိုင်ရှင်၏ မှတ်ဥာဏ်များကို ယခုရက်ပိုင်းအတွင်း သူ၏မှတ်ဥာဏ်နှင့်ပေါင်းစည်းနေခဲ့သည်။မူလပိုင်ရှင်၏ အတန်းများမှ သင်ယူခဲ့သည်များကို လေ့လာရင်း "လျှပ်တစ်ပြက်အလင်း"အပါအဝင် များပြားသောအခြေခံ သိုင်းပညာရပ်များကို နားလည်သဘောပေါက်သွားခဲ့သည်။

အမှန်တကယ်တွင် "လျှပ်တစ်ပြက်အလင်း"ကို ယီယွမ်အသုံးပြုပုံမှာ အလွန်မှန်ကန်ပြီး အခြားသူများနှင့် ခြားနား၏။ယီယွမ်၏ နားလည်မှုစွမ်းရည်သည် အကယ်ဒမီရှိ ဆရာများထက် နိမ့်ပါးမနေဘဲ ပို၍ မြင့်မားလေသည်။

"မင်းက သက်တော်စောင့် တွေခေါ်မလာတာ မအံ့သြတော့ပါဘူး.....မင်းရဲ့ "လျှပ်တစ်ပြက်အလင်း"ပညာက ဒီလောက်ထိ ရောက်နေပြီ...အလွန်ထူးချွန်တာပဲ....ကြည့်ရတာ မင်းအကြောင်း သတင်းက အကုန်လွဲနေတယ်နဲ့တူတယ်....."

ချူးရင်က "လျှပ်တစ်ပြက်အလင်း"က ပြိုင်ဘက်ကင်းသိုင်းပညာရပ်မဟုတ်မှန်း သိနေခဲ့၏။ထို့ပြင် "လျှပ်တစ်ပြက်အလင်း"ပညာရပ်က ခြေလှမ်းသိုင်းပညာရပ်ဖြစ်ပြီး အကွာအဝေးအနည်းငယ်သာ ရွေ့ လျားနိုင်၍ လုပ်ကြံရန် မသင့်တော်ပေ။ထို့ကြောင့် ထိုပညာရပ်ကို သူ သိရုံမျှသာ လေ့လာခဲ့ခြင်းဖြစ်၏။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now