ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ်(12)
Chapter-132
“အမ်...ကောင်းကင်ဘုံကိုးခုလျှောက်လမ်း ကို တစ်စုံတစ်ယောက်က စိန်ခေါ်နေတာလား...ပြီးတော့ သူက အောင်မြင်သွားခဲ့ပြီလား……”
သက်တံ့လမ်း ပြန်လည်ပေါ်ပေါက်လာသည်ကို မြင်သော် ယီယွမ်က အံ့အားသင့်သွားခဲ့သည်။
ဖိန်လျှိုချင် ကလည်း မှင်တက်သွားပုံပေါ်၏။ လောင်ထန်က အမှန်တကယ် ကောင်းကင်ဘုံကိုးခုလျှောက်လမ်း ကို ဖြတ်ကျော်နိုင်မည်ဟု သူမက မျှော်လင့်မထားခဲ့ပေ။
“အဲဒါက လောင်ထန်ပဲ...သူလည်း အမှန်တကယ် အောင်မြင်သွားမယ်လို့ ငါမထင်ခဲ့ဘူး…..”
ယီယွမ်က အသာပြုံးလိုက်သည်။ “လူတိုင်းက ကောင်းကင်ဘုံကိုးခုလျှောက်လမ်း ကို သေခြင်းနယ်မြေလို့ ပြောကြတာ မဟုတ်ဘူးလား...ကြည့်ရတာ ဒါတွေက ချဲ့ကားပြောနေတယ်နဲ့ တူတယ်…..”
ကျော်ဖြတ်နေစဉ်အတွင်း ယီယွမ်က အလွန်ခက်ခဲသည့် အခြေအနေကို လုံးဝကြုံတွေ့ခဲ့ရခြင်း မရှိပေ။ သို့သော် အခြားသူများကပါ ကောင်းကင်ဘုံကိုးခုလျှောက်လမ်း ကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်ရာ ကောင်းကင်ဘုံကိုးခုလျှောက်လမ်း ၏ ဒဏ္ဍာရီ က အစစ်အမှန် ဟုတ်ပုံမရပေ။
သို့သော် ဖိန်လျှိုချင် က သူမ၏ ခေါင်းကို ညိတ်၍ ပြောလိုက်၏။ “မင်းပြောတာ မှားနေတယ်...ကောင်းကင်ဘုံကိုးခုလျှောက်လမ်း က တကယ်ကို ကျော်ဖြတ်ဖို့ ခက်ခဲတာ...တကယ်လို့ အခု ငါ့ရဲ့ လက်ရှိခွန်အားနဲ့ စိန်ခေါ်ဝင်ရောက်ခဲ့ရင် မထိခိုက်ဘဲ သွားနိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး...လောင်ထန်က ကောင်းကင်ဘုံကိုးခုလျှောက်လမ်း ကို အောင်မြင်ခဲ့တာက သူ့ရဲ့ စွမ်းရည် ဘယ်လောက်မြင့်မားတယ်ဆိုတာ သိလိုက်ရတာပဲ…..”
ယီယွမ်က နောက်ဆုံးဓားချက်၏ ကြောက်စရာကောင်းပုံကို ပြန်လည်စဉ်းစားမိလိုက်ပြီး ဖိန်လျှိုချင် ၏ စကားကို ချက်ချင်း လက်ခံလိုက်ပေသည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...