ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ -ဖြိုးသူဝင်း
Chapter 27
ချူးရင် စိတ်ထဲမှ အေးစက်စက် ရယ်မောလိုက်၏။
သူတို့အုပ်စု ဒန်ဝူအကယ်ဒမီသို့ရောက်ခါနီးတွင် ချူးရင်က ကျောက်တုံးမြေပြင်ရှိ ချုံပုတ်များကို အကာအကွယ်ယူ၍ တိတ်တဆိတ် ဝိုင်းကပ်လာခဲ့၏။သူက ထိုနေရာသည် သူ၏ လုပ်ငန်းလုပ်ကိုင်ရန် အကောင်းဆုံးနေရာဖြစ်ကြောင်း ဆုံးဖြတ်ထားခဲ့သည်။ဒီနေရာတွင် ကျောက်တုံးများက မျက်နှာပြင်မညီမညာဖြစ်နေပြီး သူ့အတွက် ပုန်းကွယ်ရန် အကျိုးကျေးဇူး ရှိနေပေသည်။ယီယွမ်ကို သတ်ရန် မျက်တောင်တစ်ခတ်အတွင်း ရောက်လာနိုင်ပေသည်။
သူ၏သတ်ကွင်းအတွင်းမဝင်ရောက်မီယီယွမ်နှင့် သူ၏အုပ်စုသည် ရပ်တန့်သွားခဲ့ရာ ချူးရင် မှင်သက်သွားခဲ့သည်။
"ထွက်လာခဲ့ပါ....ကျနော်တို့နောက်ကို လမ်းတစ်လျှောက်လုံး လိုက်လာရတာ မောနေပြီလို့ထင်တယ်...ဟုတ်တယ်မလား ရောင်းရင်း"ယီယွမ် ၏ စကားများက ချူးရင်၏နားထဲသို့ ဝင်ရောက်လာခဲ့၏။
မည်သူမျှ မဖြေကြပေ။
ဒီကလေကချေကောင်က ရမ်းပြီးခန့်မှန်းလိုက်တာလား?!!!
ငါ့ကိုထွက်လာဖို့ လှည်းစားတာလား??ဟီး!!အဲ့ဒီအတွက်ဖြစ်မှာပါ....
သို့သော်ထိုကလေကချေကောင်ကို နားမလည်ခဲ့ပေ။သူ့ကိုလုပ်ကြံရန် လုပ်ကြံသူစေလွှတ်မည်ကို သိနေပုံရသည်။ယီယွမ်က ထိုအရာကို ကြိုတင်မှန်းဆနိုင်ခဲ့လျှင် ဘာကြောင့် သက်တော်စောင့်များ မခေါ်ခဲ့သနည်း?။ထိုသက်တော်စောင့်နှစ်ယောက်က သူမသိလိုက်ရပဲ သူတို့နောက်မှ တစ်ချိန်လုံးလိုက်ပါနေခဲ့ခြင်းလား??။
ဒါပေမယ့် အဲ့ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?....
ထိုသက်တော်စောင့်နှစ်ယောက်၏ စွမ်းအင်အဆင့်မှာ အတော်ဆုံးသူက သူနှင့် အဆင့်တူလောက်ပင်ဖြစ်၏။သူတို့လမ်းတစ်လျှောက်လုံး လိုက်ပါလာခဲ့သည်ဆိုပါက မည်သည့် အတွက်ကြောင့် သူစိုးစဉ်းမျှ မသိရှိရဘဲ ရှိမည်မဟုတ်ပေ။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...