ပြိုင်ဖက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ်(၁၀)
Chapter-107
လူတိုင်းက ယီယွမ်အပေါ်တွင်သာ အာရုံရောက်နေကြ၍ လောင်ထန်၏ ခန္ဓာကိုယ်မှ ရုတ်တရက်ပြောင်းလဲမှုကို လျှိုဘူးရီ မှ လွဲ၍ သတိထားမိသူ မရှိခဲ့ပေ။
သို့သော် လျှိုဘူးရီ ပင် ယီယွမ်၌ ဖြစ်ပေါ်ခဲ့သော ပြောင်းလဲမှု ကို မည်သည့်အရာမှန်း တိတိကျကျ မသိခဲ့ပေ။
နောင်နှစ်အနည်းငယ်အတွင်း လောင်ထန်က သိုင်းပညာစွမ်းရည် အဆင့်တစ်ခုကို ကျော်ဖြတ်ရောက်ရှိကာ အဆုံးမဲ့ကမ္ဘာကြီး ၏ ခွန်အားအကြီးမားဆုံး သူတစ်ယောက်အဖြစ် နတ်ဘုရားနိုင်ငံတော်သို့ တက်ရောက်သွားမည် ဟု ပြောသံများကို လျှိုဘူးရီ ကြားဖူးထားခဲ့၏။ ဤအချိန်တွင် ထိုစကားများ၏ အဓိပ္ပါယ်ကို ချင်နိုင်ငံမှ ရက်အနည်းငယ်အတွင်း နားလည်သွားခဲ့သည်။
အမှန်တကယ် ပင် ထိုကိစ္စက မဝေးတော့သော အနာဂတ်တွင် ရောက်ရှိလာပေတော့မည်။
လောင်ထန်က လျှိုဘူးရီနှင့် စကားစမြည်ပြောဆိုနေစဉ်တွင် လူအုပ်ကြီးထံမှ ပွက်လောရိုက်သံများ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့၏။
“ မြန်မြန်ကြည့်လိုက်...ယီယွမ်က သွားနေတာကနေ ရပ်သွားပြီ…..”
“ဟုတ်သားပဲ...သူက ခြေလှမ်း ၃၃၃ လှမ်းမြောက်မှာ ရပ်သွားပြီ...နောက်ထပ် ၅ လှမ်းပဲ လှမ်းနိုင်ခဲ့တာပါလား…..”
“သူက ငါ့ကို သေလောက်အောင် ထိတ်လန့်စေခဲ့တာ...သူက အနိုင်မခံအရှုံးမပေးတဲ့ စိတ်ဓာတ်နဲ့ ရှေ့ကိုဆက်သွားမယ်လို့ပဲ ထင်ခဲ့တယ်…..”
“ မင်း ရူးနေတာလား...ဒါက ချီစွမ်းအင်နယ်ပယ်တွေ အတွက် သေခြင်းနယ်မြေဖြစ်တဲ့ ကောင်းကင်ဘုံကိုးခုလျှောက်လမ်းနော်...သူက ဘယ်လိုလုပ်ပြီး အခက်အခဲမရှိ ရှေ့ဆက်သွားနိုင်မှာလဲ...ကောင်းကင်ဘုံကိုးခုလျှောက်လမ်း ရဲ့ တကယ့်အခက်အခဲက အလယ်ခြေလှမ်း ၃၃၃ လှမ်း မှ စတင်တာ...ကောင်းကင်ဘုံကိုးခုလျှောက်လမ်း ကို စိန်ခေါ်ခဲ့ကြတဲ့ ချီစွမ်းအင်နယ်ပယ် အားလုံးက ဒီအဆင့်မှာ ကျရှုံးသွားခဲ့ကြတယ်...ယီယွမ်ရဲ့ မွန်းစတားဆန်တဲ့ စွမ်းရည်မျိုးနဲ့ ပထမအဆင့်မှာဘယ်လိုလုပ် ကျရှုံးပါ့မလဲ…..”
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...