ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ်(9)
Chapter-105
“ ကောင်းကင်ဘုံကိုးခုလျှောက်လမ်းက ခြေလှမ်း ၉၉၉ လှမ်း...သူက ကံကောင်းပြီး ပထမဆုံးသာမန်အတားအဆီး ဖြစ်တဲ့ ၃၃ လှမ်း ကို ကံကောင်းထောက်မပြီး အောင်မြင်ခဲ့တာ...ဒါကို သူက မြောက်ကြွကြွ လုပ်နေတာပဲ…..”
စူးယူဘိုင် က အေးစက်စွာ ပြောလိုက်၏။သိသာစွာပင် လူတိုင်း၏ အံ့အားသင့်မှု ကို သူက မကျေမနပ် ဖြစ်နေခဲ့ခြင်း ဖြစ်ပေသည်။
သူ၏ အမြင်တွင် ယီယွမ်က ပထမအတားအဆီးကို ကံကောင်းထောက်မပြီး ကျော်ဖြတ်သွားခဲ့သည်ဟု ထင်နေခဲ့၏။
ထို့ပြင် ပထမအတားအဆီးကို ကျော်ဖြတ်နိုင်ခြင်းက အံ့အားသင့်စရာ မဟုတ်ပေ။ချီစွမ်းအင်နယ်ပယ် အဆင့် အများအပြား က ထိုအဆင့်ကို ဖြတ်သန်းနိုင်လေ့ရှိကြသည်။
ကောင်းကင်ဘုံကိုးခုလျှောက်လမ်း ၏ ကြောက်စရာအစစ်အမှန်မှာ နောက်ဆုံးခြေလှမ်း ၃၃၃ လှမ်း တွင်သာတည်ရှိ၏။
“ဟုတ်တယ်...ကြည့်လိုက်တာနဲ့ ယီယွမ်က ယုံကြည်ရတဲ့ကောင် မဟုတ်မှန်း အလွယ်တကူ ပြောလို့ရတယ်...သူက စွန့်စားတဲ့ နေရာတွေမှာ ထူးချွန်တာနဲ့တူတယ်...သူက ဂယ်ပေါက်အချို့ကနေ အမြတ်ထုတ်ထားတဲ့အရာတွေ ရှိနေလောက်တယ်...ဒါကြောင့် ဒီအဆင့်က သူ့အတွက် ဒီလောက်လွယ်ကူနေခဲ့တာပဲ…..” အခြား အကြီးအကဲ တစ်ယောက်က ထောက်ခံပြောဆိုခဲ့သည်။
“အင်း...ဘာပဲပြောပြော ကောင်းကင်ဘုံကိုးခုလျှောက်လမ်းက ချီစွမ်းအင်နယ်ပယ် တွေ အတွက် သေခြင်းနယ်မြေပဲ...ဒါကို ဘယ်သူမှ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး...အတိတ်တုန်းက ချီစွမ်းအင်နယ်ပယ် အဆင့် တွေရဲ့ အကောင်းဆုံး ရလဒ်က အလယ်ခြေလှမ်း ၃၃၃လှမ်းပဲ...ယီယွမ်က မိုးကောင်းကင် ကို အန်တုနိုင်တဲ့ စွမ်းရည် ရှိနေရင်တောင် သူ့ရဲ့ အကန့်အသတ် က အလွန်ဆုံးမှ နောက်ဆုံး ခြေလှမ်း ၃၃၃ လှမ်းပဲ ဖြစ်နိုင်မယ်…..” ကျန်းစွန်းထောင် ကလည်း သဘောတူစွာဖြင့် ပြောဆိုလိုက်၏။
အခြားအကြီးအကဲများနှင့် မတူဘဲ ယီယွမ်၏ အပြုအမူများကြောင့် ဟုရန်ယွမ်နှင့် ဖိန်လျှိုချင် က ပို၍ ယုံကြည်သွားခဲ့သည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...