ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ -ဖြိုးသူဝင်း
Chapter 45
လျူယူရှီ က ထိုအကြောင်းအရာကို သဘောတူထောက်ခံလိုက်သည်။"ဟုတ်တယ်.....ယီယွမ်က မာယာများတယ် ပြီးတော့ သူက သိုသိုသိပ်သိပ် လှုပ်ရှားတတ်တယ်.....သူ့ကို ရင်ဆိုင်ဖို့ ဂိုဏ်းတူအကိုကြီး က ပိုကောင်းတဲ့ နည်းလမ်း တစ်ခုကို ရှာဖွေပြီး ယီယွမ်ကို သုတ်သင်လိုက်တော့....."
လျူယူရှီ တွင်လည်း ရွေးချယ်စရာမရှိခဲ့ပေ။ယခု ဝမ်ယွမ်နှင့် သူမသည် ကြိုးတန်းပေါ်မှာ လမ်းလျှောက်နေရသော နှံကောင်များနှင့် တူလှပေ၏။သူမက ယီယွမ်ကို ဆန့်ကျင်တိုက်ခိုက်အပုပ်ချခဲ့၍ ယီယွမ်က သူမကို အလွတ်ပေးမည် မဟုတ်ပေ။ထို့ကြောင့် သူမက ဝမ်ယွမ်ကို ယီယွမ်အား လျင်မြန်စွာ သုတ်သင်ပစ်ရန် လာရောက်တိုက်တွန်းခြင်းဖြစ်၏။
"ဒါပေမယ့် အကယ်ဒမီက ကျောင်းသားတွေကို အချင်းချင်း တိုက်ခိုက်ရန် ခွင့်ပြုမထားဘူးလေ.....ဒါမှမဟုတ်ရင် ပြင်းထန်တဲ့ အပြစ်ပေးခြင်း ခံရလိမ့်မယ်....."ဝမ်ယွမ်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
အမှန်တကယ်တွင် ယခုအချိန်၌ ဝမ်ယွမ်က ယီယွမ်အား တိုက်ခိုက်လျှင်ပင် ယီယွမ်ကို သုတ်သင်နိုင်မည် မဟုတ်ပေ။လျှပ်တစ်ပြက်အလင်း၏ အဝိုင်းကြီးအဆင့်မှာ တစ်ဦးချင်းတိုက်ပွဲများတွင် မရှုံးနိမ့်နိုင်သော အဆင့်အတန်းဖြစ်၏။
"နောက်တစ်လနေရင် "အဆုံးမဲ့စမ်းသပ်ခြင်း"စတင်တော့မယ် ဆိုတာ မေ့နေပြီလား??"
ရုတ်တရက် အသံတစ်သံထွက်ပေါ်လာ၍ ဝမ်ယွမ်နှင့် လျူယူရှီက ကြောက်လန့်၍ ထခုန်မိသွားမတတ် ဖြစ်သွားကြ၏။
"ဒါက ဂိုဏ်းတူအကိုကြီး စူး ပဲ.....ဂိုဏ်းတူအကိုကြီး စူး ကို နှုတ်ဆက်ပါတယ်....ဝမ်ယွမ်က ဒဏ်ရာရထားခဲ့လို့ ထပြီး မနှုတ်ဆက်နိုင်တာကို ခွင့်လွှတ်ပေးပါ....."ဝမ်ယွမ်၏ မျက်နှာတွင် တောင်းပန်မှုများ ပြည့်နှက်နေခဲ့သည်။
ရောက်ရှိလာသော သူမှာ သိုင်းပညာလမ်းစဉ် ၏ ထိပ်ဆုံး ဆယ်ယောက် တွင် ပါဝင်သော စူးရီရှန်း ဖြစ်၏။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...