Chapter 134

2.9K 309 9
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ်(12)

Chapter-134

“ကျွန်တော်နဲ့အတူပူးပေါင်းပါ ဂိုဏ်းတူအစ်မဖိန်...ကျွန်တော့် ရဲ့ ခုနှစ်စင်ကြယ်ဓားသိုင်းက အောင်မြင်မှုကြီးမားသည့်အဆင့် ထိ ကျင့်ကြံအောင်မြင်ခဲ့ပြီ...ကျွန်တော်က ဂိုဏ်းတူအစ်မဖိန် ကို စိတ်မပျက်စေရပါဘူး…..”

“ဂိုဏ်းတူအစ်မဖိန်...ဘာလို့ ကျွန်တော်နဲ့အတူ မသွားရမှာလဲ...တကယ်လို့ ကျွန်တော်တို့က အဆင့်မြင့် မိစ္ဆာသားရဲ တွေနဲ့တွေ့ကြုံခဲ့ရင်တောင် ဂိုဏ်းတူအစ်မဖိန် လွတ်မြောက်ဖို့ ကျွန်တော့် အသက်ကိုတောင် စတေးရဲပါတယ်…..”

“အတူတူသွားကြမလား ဂိုဏ်းတူအစ်မဖိန်...ကျွန်တော်တို့အဖွဲ့ ရရှိတဲ့ ရတနာတွေအကုန် ဂိုဏ်းတူအစ်မဖိန် ကို ပေးမယ်လေ...ကျွန်တော်က တာဝန်ပြီးမြောက်တဲ့ အရေအတွက် ပဲ လိုအပ်တာပါ…..”

မပြေလည်သော စည်းဝေးခြင်းအပြီးတွင် အဖွဲ့အများအပြားက ဒန်ဝူအကယ်ဒမီ မှ ထွက်ခွာသွားခဲ့ကြသည်။

လမ်းတစ်လျှောက်တွင် အစွမ်းထက်၍ ထူးချွန်သော လူငယ်အများအပြားက ဖိန်ဇီရို ၏ ရှေ့မှောက်၌ စုဝေးနေကြပြီး သူမနှင့် အဖွဲ့ ဖွဲ့ သွားလာခွင့်ကို လိုချင်နေကြ၏။

ဖိန်ဇီရို ၏ ဆွဲဆောင်မှုက အတုအယောင် မဟုတ်ပေ။ တိုတောင်းသော အချိန်လေးအတွင်းတွင် သူမနှင့် အဖွဲ့ဖွဲ့ရန် တောင်းဆိုကြသော ကျောင်းသားများမှာ ဆယ်ဦးထက် ပို၍ များပြားပေ၏။ထို့ပြင် သူတို့၏ ခွန်အားများက အဆင့်(2)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် အဆင့်နှင့် အထက် များသာ ဖြစ်သည်။

လူတိုင်းအသိအမှတ်ပြုကြသည်မှာ ဖိန်ဇီရို ၏ ရေခဲတမျှ အေးစက်နေသည့် အမူအရာ ကပင် ယောက်ျားများ၏ မြတ်နိုးမှုကို အကြီးအကျယ် ရရှိစေခြင်း ဖြစ်ပေ၏။

သူမက ထိုအမျိုးသားအပေါ်တွင် ပို၍ အေးစက်စွာ ဆက်ဆံလေ ထိုကျောင်းသားများ၏ သူမအပေါ် စိတ်ဟင်စားမှု မြင့်တက်လာလေ ဖြစ်သည်။

ဖိန်ဇီရိုက ထိုကျောင်းသားများကို လက်မခံဘဲ ပယ်ချခဲ့သည့်တိုင် သူတို့က သူမ၏ မနီးမဝေးတွင် ဝန်းရံနေခဲ့ကြ၏။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား حيث تعيش القصص. اكتشف الآن