Chapter 133

2.4K 294 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ်(12)

Chapter-133

လောင်ထန်က နောက်သို့လှည့်၍ စင်မြင့်အောက်မှ လူအုပ်ကြီးဆီသို့ သူ၏အကြည့်ကို ပို့လိုက်သည်။

လူတိုင်းက လောင်ထန်ပြောလိုက်သော ပုဂ္ဂိုလ် ကို ရှာဖွေရန် အရပ်မျက်နှာတိုင်းကို လိုက်ကြည့်နေခဲ့ကြ၏။

“ဘယ်သူဖြစ်နိုင်မှာလဲ...ဂိုဏ်းတူအစ်ကိုကြီး လောင်ထန်က ကောင်းကင်ဘုံကိုးခုလျှောက်လမ်း ကို ကျော်ဖြတ်နိုင်ဖို့ အမှန်တကယ် ကူညီပေးနိုင်ခဲ့တာ...ကောင်းကင်ဘုံကိုးခုလျှောက်လမ်း ကို ဝင်ရောက်ခြင်းမပြုခင် မိုးကောင်းကင်တာအိုကို တိုင်တည်ပြီး သစ္စာပြုထားရတယ်...ကောင်းကင်ဘုံကိုးခုလျှောက်လမ်း ရဲ့ လျှို့ဝှက်သတင်းအချက်အလက်တွေကို ဘယ်သူက ဖော်ထုတ်ပြောဆိုနိုင်မှာလဲ…..”

“ဘယ်သူသိလို့လဲ...ဂိုဏ်းတူအစ်ကိုကြီး လောင်ထန်က ဂိုဏ်းတူအစ်မကြီး တစ်ယောက်ယောက် ကို စွဲလမ်းနေတယ်လို့ ငါတော့ ခန့်မှန်းတယ်...အချစ်ရဲ့စွမ်းအားက အကြီးမားဆုံးပဲ...အဲဒီအရာက သူ့ကို ခံယူချက် ခိုင်မာစေပြီး ကောင်းကင်ဘုံကိုးခုလျှောက်လမ်း ကို ကျော်ဖြတ်နိုင်ခဲ့တာ ထင်တယ်...ဟုတ်တယ်မလား…..”

“မင်းအဲ့လိုမပြောနဲ့လေ...ဖြစ်နိုင်တဲ့တစ်ချက်က ရှိကိုရှိမှာ...ဘယ်မိသားစုရဲ့ မိန်းကလေး က အဲ့လောက်မြင့်မြတ်တာလဲဆိုတာ ဘယ်သူသိကြလဲ...ငါ့ရဲ့အမြင်အရဆိုရင် အကယ်ဒမီ တစ်ခုလုံးမှာ ဂိုဏ်းတူအစ်မကြီးဖိန် တစ်ယောက်တည်း က ဂိုဏ်းတူအစ်ကိုကြီး လောင် နဲ့ လိုက်ဖက်ညီတယ်...သူမတော့ မဟုတ်လောက်ပါဘူးနော်…..”

“မင်း ငါ့ကို သေအောင် ရိုက်သတ်မယ်ဆိုရင်တောင် ငါ လုံးဝ မယုံကြည်နိုင်ဘူး...ဆရာမဖိန်က ယီယွမ်လက်ထဲ ပါသွားပြီ...တကယ်လို့ ဂိုဏ်းတူအစ်ကိုကြီးလောင်ထန် နဲ့ ဂိုဏ်းတူအစ်မကြီးဖိန် တို့သာ တွဲဖက်သွားပြီဆိုရင် ငါတို့က ဘယ်လို အသက်ရှင်ရတော့မှာလဲ…..”

ကျောင်းသားများ က သူတို့၏ ခန့်မှန်းချက်များ ကိုယ်စီဖြင့် အချင်းချင်း တီးတိုးပြောဆိုနေကြပြီး မကြာမီပင် စကားခေါင်းစဉ်က ဖိန်လျှိုချင် နှင့် သူမ၏ တူမ ဆီသို့ ရောက်ရှိသွားသည်။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Donde viven las historias. Descúbrelo ahora