ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ်(9)
Chapter-98
မူလက စီစဉ်ထားခဲ့သော ကိစ္စကို ဟုရန်ယွမ်က ဖျက်ဆီးပစ်ခဲ့၏။သို့သော် ယခုအချိန် ၌ စူးယူဘိုင်က အသေသတ်ရန်သာ ဆုံးဖြတ်ထားခဲ့သည်။
သို့ရာတွင် ဟုရန်ယွမ် က အကယ်ဒမီ၏ ဆရာတစ်ယောက်ဖြစ်၏။အကယ်၍ သူကသာ တိုက်ခိုက်ခဲ့ပါက စည်းကမ်းထိန်းသိမ်းရေးခန်းမ ၏ အကြီးအကဲ အဖြစ်မှ ထုတ်ပယ်ခြင်း ခံရပေမည်။
ထို့ပြင် ဟုရန်ယွမ် က သူ့အား အနိုင်မယူနိုင်သော်လည်း သူကလည်း ဟုရန်ယွမ် ကို ထွက်မပြေးစေရန် လုပ်ဆောင်နိုင်စွမ်းမရှိပေ။
သို့သော် သူက ယီယွမ်၏ ရှေ့ ၌ ရပ်နေပေရာ စူးယူဘိုင်အတွက် အနည်းငယ် အခက်အခဲ ဖြစ်နေပေသည်။
သူက ယီယွမ်ကို ယနေ့ သေချာပေါက် သတ်ရပေမည်။ဤကလေကချေကောင်၏ တိုးတက်နှုန်းက အလွန်လျင်မြန်နေပေ၏။
ဤအကြောင်းအရာက စူးမိသားစုအတွက် ကြီးမားသော ဆူးငြှောင့်ခလုတ် ပင် ဖြစ်သည်။
အကယ်၍ ယီယွမ်ကိုသာ ထပ်မံ အင်အားကြီးမားခွင့် ပေးလိုက်ပါက နောင်ဆယ်နှစ်ပင် မလိုဘဲ ငါးနှစ်အတွင်းမှာပင် နောက်ထပ် ယီဟန်တစ်ယောက် ဖြစ်လာပေတော့မည်။
ယီဟန်တစ်ဦးတည်းအတွက်နှင့်ပင် စူးမိသားစုအတွက် ခေါင်းကိုက်စရာဖြစ်နေပေရာ ယီဟန်နှစ်ဦးသာ ရှိလာပါက…..
“ကျုပ်ကို ဖယ်ရှားမယ်ဟုတ်လား...ကောင်းပြီ...လုပ်လေ...ခင်ဗျားက ကျုပ်ကို ဘယ်လိုဖယ်ရှားမှာလဲဆိုတာ သိချင်လာပြီ…..” ဟုရန်ယွမ် က ရေခဲတမျှ အေးစက်စွာ ပြောဆိုလိုက်၏။
“ဟမ့်...မင်းကို ငါမထိရဲဘူးလို့ ထင်နေတာလား…..”ရေနွေးအိုးကို မကြောက်သော ဝက်သေတစ်ကောင်ကဲ့သို့ ဟုရန်ယွမ်၏ အမူအရာ ကို မြင်၍ စူးယူဘိုင်က ဒေါသထွက်သွားခဲ့သည်။
ဟုရန်ယွမ်က ဂျင်ယွန်ဟီ၏ အနီးစပ်ဆုံး နောက်လိုက်တစ်ဦးဖြစ်ပြီး စူးယူဘိုင်နှင့် ကောင်းမွန်သော ဆက်ဆံရေး မရှိခဲ့ပေ။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...