ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ်(9)
Chapter-97
ထိုအော်သံက မျှော်လင့်မထားခဲ့သော အရာဖြစ်သည်။မည်သူတစ်ဦးတစ်ယောက်မှ သတိဝင်လာခြင်းမရှိသေးပေ။
လူအများသတိဝင်လာသည့်အချိန်တွင် အရိပ်တစ်ခုက လူအများကို လျှပ်စီးသဖွယ် ဖြတ်သန်းသွားခဲ့ပြီး ယီယွမ်၏ ရှေ့သို့ ရောက်ရှိသွားခဲ့၏။
ထိုအော်ရာအရှိန်အဝါက သူ့အားပစ်မှတ်ထားခဲ့၍ ယီယွမ်က အသက်ရှူရပ်မတတ်ဖြစ်နေပေသည်။
ဤအရှိန်အဝါက အလွန်စွမ်းအားကြီးမားပေ၏။
ယီယွမ်၏ လက်ရှိအခြေအနေက မီးစာကုန်ဆီခန်း နေသည်ကို အသာထား၍ သူ၏ အထွတ်အထိပ်အခြေအနေကို ရောက်ရှိနေလျှင်ပင် ဤတိုက်ခိုက်မှုမှ အသက်ရှင်လွတ်မြောက်နိုင်ရန် မဖြစ်နိုင်ပေ။
တစ်စုံတစ်ယောက်က သူ့အားအရှက်မရှိစွာဖြင့် အလစ်ဖမ်းမည်ဟု ယီယွမ်က ထင်မထားခဲ့ပေ။
သူတို့၏မျိုးဆက်မှ မှော်ဆေးပညာရှင်အင်ပါယာတစ်ယောက် က ထိုသို့ စိတ်ပျက်ဖွယ်ကောင်းစွာဖြင့် သေဆုံးရတော့မည်လော။
အမှန်တကယ် တွင် ယီယွမ်က အစောကြီးကတည်းက အစီအစဉ်ဆွဲထားခဲ့၏။သူက တစ်စုံတစ်ယောက်ကို သတ်ဖြတ်လိုက်လျှင်ပင် အကြီးအကဲ များ၏ စစ်ဆေးခြင်း ကို ခံရပြီးမှသာ အပြစ်ပေးခံရမည်ဟု ထင်မှတ်ထားခဲ့သည်။
ထို့နောက် သူက အချိန်တစ်ခုယူ၍ ဖြစ်ပျက်ခဲ့သည်များကို ရှင်းလင်းပြသရန်သာ လိုအပ်၏။
သူဖော်ထုတ်ပြသခဲ့သော မှော်ဆေးပညာနှင့် သိုင်းပညာ အရည်အချင်း ကြောင့် မည်သူကသူ့အား စွန့်လွှတ်နိုင်မည်နည်း။
သို့ရာတွင် ယီယွမ်က မည်သို့ပင် တွက်ချက်ထားစေကာမူ သူက လင်ထန်းချန် အား သတ်ဖြတ်ပြီးပြီးချင်း သူ့အား အပြစ်ပေးရန် ချောင်းမြောင်းနေခဲ့သော ခွန်အားကြီးမားသည့်ပုဂ္ဂိုလ်တစ်ဦး ရှိနေမည်ဟု ထင်မထားခဲ့ပေ။
ယီယွမ်က အကယ်ဒမီတွင် သူ၏ အကြီးမားဆုံး ရန်သူမှာ ဝမ်ယွမ်ဖြစ်သည်ဟု သတ်မှတ်ထားခဲ့၏။ယခု သူက အဆင့်(6)ချီစွမ်းအင်အဆင့် သို့ ရောက်နေပြီဖြစ်ရာ ဝမ်ယွမ်က အဆင့်တက်သွားလျှင်ပင် သူက အလွယ်တကူ သတ်ဖြတ်နိုင်ပေသည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...