ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ -ဖြိုးသူဝင်း
Chapter 49
ကျောင်းသားများ၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် ဖိန်လျှိုချင် ကို တစ်စုံတစ်ရာအတွေးဝင်စေခဲ့ပြီး ယီယွမ်က ထွက်ပြေးသွားခဲ့သည်။
ယီယွမ်က အလွန်အိပ်ချင်နေပြီဖြစ်၍ အချိန်ကြာကြာ ဆက်မနေနိုင်တော့ချေ။
ထိုအချိန်တွင် ရွေးချယ်စရာမရှိတော့၍ ယီယွမ်က လက်ထောက်အဖြစ်ကို လက်ခံရန်သာ သဘောတူခဲ့ရ၏။
ဖိန်လျှိုချင် က စိတ်ဝိဥာဉ်ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် သိုင်းပညာရှင် ဂျီးနီးယပ် တစ်ယောက်ဖြစ်၍ သူမက ယီယွမ်ကို သွားခွင့်မပြုလိုပါက ယီယွမ်က သူ၏ လျှပ်တစ်ပြက်အလင်း ပညာရပ်ကို အသုံးပြုလျှင်ပင် သူထွက်သွားနိုင်မည်မဟုတ်ပေ။
သူ၏ နေအိမ်သို့ ပြန်ရောက်သောအခါ ယီယွမ်က တစ်ညနေခင်းလုံး အိပ်စက်နေခဲ့၏။
အဆင့်အမြင့်ဆုံးအဆင့် ချီစွမ်းအင်ပြန်လည်ကုစားဆေးလုံး တစ်လုံးကို မျိုချလိုက်ပြီး သူအိပ်နေစဉ်အတွင်း ခွန်အားဖြည့်တင်းနေခဲ့၍ သူ၏ ကိုယ်တွင်းစွမ်းအင်များမှာ လျင်မြန်စွာ ပြည့်ဖြိုးလာခဲ့သည်။
ထိုချီစွမ်းအင်ပြန်လည်ကုစားဆေးလုံးမှာ ယီယွမ်ကြိုတင်ဖော်စပ်ထားခဲ့သော ဆေးလုံးဖြစ်ပေ၏။
သူ၏ ကိုယ်တွင်းစွမ်းအင်များ ပြန်လည်ပြည့်ဝလာသည်နှင့် ယီယွမ်က အဆင့်အမြင့်ဆုံးအဆင့် ချီစွမ်းအင်ဆေးလုံးများကို ဖော်စပ်သန့်စင်ရန် နက္ခတ်တာရာခြောက်ခုမှော်အင်းကွက် ကို အသုံးပြုလိုက်၏။
ထိုအရာက အလွန်ကြီးမားသော လုပ်ငန်းတစ်ခုဖြစ်သည်။အဆင်မြင့်အဆင့် ချီစွမ်းအင်ဆေးလုံး ထောင်ပေါင်းဆယ်ဂဏန်းများစွာ......တစ်ကြိမ်တွင် ဆေးလုံးခြောက်လုံးကို အသုံးပြုသန့်စင်လျှင်ပင် အဆင့်အမြင့်ဆုံးအဆင့် ချီစွမ်းအင်ဆေးလုံးများ ထောင်ပေါင်းများစွာ ပြန်လည်ရရှိပေလိမ့်မည်။
ယီယွမ်က နေ့အချိန်တွင် အိပ်စက်အနားယူပြီး ညတွင် ဆေးလုံးများကို ဖော်စပ်သန့်စင်ခဲ့၏။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...