ပြိုင်ဘက်ကင်းဆေးနတ်ဘုရားဘာသာပြန်သူ -ဖြိုးသူဝင်း
Chapter 17
ယီယွမ်က ထိုသို့ပြုလုပ်နိုင်သော်လည်း ချီစွမ်းအင်ဆေးလုံးမှာ သူလိုအပ်သော စွမ်းအင်များရရှိရန် မစွမ်းဆောင်နိုင်ပေ။
ချီစွမ်းအင်ဆေးလုံးမှာ ကောင်းမွန်သော်လည်း မှီဝဲပါများပါက ဆေး၏စွမ်းအင်များ ကျဆင်းသွားလေ့ရှိသည်။ယခင်ခန္ဓာကိုယ်ပိုင်ရှင်က ချီစွမ်းအင်ဆေးလုံးကို အများအပြား စားသုံးခဲ့ပြီး ဆေး၏စွမ်းအင်များ ကို စုပ်ယူအသုံးပြုနိုင်ခြင်းမရှိခဲ့ပေ။ထို့ကြောင့် စွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်မှ စုပ်ယူနိုင်ခြင်းမရှိတော့၍ ချီစွမ်းအင် ဆေးလုံးသည် ယီယွမ်အတွက် အကျိုးသက်ရောက်မှု မရှိတော့ပေ။
သို့သော် ချီစွမ်းအင်ဆေးလုံး ၏ အဆင့်မြင့်မျိုးဆက်ဖြစ်သော "ယွမ်ပြိုကွဲပေါက်ထွက်ဆေးလုံး"သည် မူလဆေးလုံးထက် ဆေးစွမ်းများစွာ ထက်မြက်သည်။သူ၏ခွန်အားကို မြှင့်တင်ရန် ယီယွမ်အတွက် ထိုဆေးလုံးမှာ အစင့်တော်ဆုံးဖြစ်၏။တစ်ကယ်တော့ ယီယွမ်တွင် ပို၍ အစွမ်းထက်မြက်သော ဆေးဖော်မြူလာများရှိ၏။ထိုအဆင့်မြင့်ဆေးလုံးများသည် ဆေး၏ အကျိုးသက်ရောက်မှု လည်း ပြင်းထန်ပြီး လက်ရှိယီယွမ်၏ ခွန်အားနှင့် သင့်တော်မှု မရှိချေ။သူ၏ ခွန်အားများ တိုးတက်လာမှသာ ထိုဆေးလုံးများကို ဖော်စပ်ရန်သင့်တော်ပေသည်။
"သခင်လေး....ဒီနေ့လဲ ဆေးယူဖို့ လာတာပဲလား??"
ယီယွမ်လမ်းလျှောက်လာသည်ကို မြင်သောအခါ ဆိုင်ရှင်သည် မနေ့ကနှင့်မတူတော့ဘဲ အပြေးအလွှား လာရောက်ကြိုဆို၍ အပြုံးများဖြင့် မေးလိုက်သည်။
ယီယွမ်သည်လည်း အပြုံးလေးဖြင့် ပြန်ပြောခဲ့၏။"ဟုတ်တယ်....ဒါတွေက ငါလိုအပ်နေတဲ့ ဆေးဖက်ဝင်ပစ္စည်းတွေပဲ...ဆေးဝက်ဝင်ပစ္စည်းတစ်ခုကို သုံးစုံလောက်ရဖို့ ကူညီပေးပါ....."
ယီယွမ်က ဆိုင်ရှင်အား သူလိုချင်သောပစ္စည်းစာရင်းကို ပေးအပ်လိုက်သည်။ထိုစာရင်းတွင် "ယွမ်ပြိုကွဲပေါက်ထွက်ဆေးလုံး"၏ လိုအပ်သော ပစ္စည်းများ ကို ရေးသားထား၏။"ယွမ်ပြိုကွဲပေါက်ထွက်ဆေးလုံး"သည် ချီစွမ်းအင်ဆေးလုံးထက် ပို၍ အစွမ်းထက်သော်လည်း ဆေးဖက်ဝင်ပစ္စည်းများမှာ ရိုးရိုးဆေးဆိုင်များတွင် အလွယ်တကူ ရရှိနိုင်သော အဆင့်(1)ဆေးဖက်ဝင်ပစ္စည်းများသာ အသုံးပြုထားသည်။မြို့တော်ရှိ အကြီးမားဆုံး ဆေးပစ္စည်း အရောင်းဆိုင်ဖြစ်သော သင်းရနံ့ဆေးဂေဟာ တွင်မူ အကောင်းဆုံးပစ္စည်းများပါ ရရှိနိုင်ပေမည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...