ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ် ( ၁၄ )
Chapter-162
အားးးးး….. ဘာဖြစ်နေတာလဲ…..
ယီယွမ်က သူ၏စိတ်ထဲတွင် အလွန်အမင်းနာကျင်နေ၍ အော်ဟစ်နေခဲ့သည်။
စိတ်ဝိညာဉ်တစ်ထောင်တိုးပွားခြင်းမန္တန်က နတ်ဘုရားနိုင်ငံတော်တွင် အလွန်အစွမ်းထက်သော စိတ်ဝိညာဉ်ကျင့်ကြံခြင်းပညာရပ်တစ်ခုဖြစ်သည်။ ဂျိချင်ယန်နှင့်သူ၏ဖခင်က နတ်ဘုရားနိုင်ငံတော်တစ်ခုလုံး နာမည်ဂုဏ်သတင်းကြီးမားလာခဲ့ခြင်းမှာ ဤပညာရပ်ကို ကျင့်ကြံခဲ့သောကြောင့်ဖြစ်ပေ၏။
သို့သော်ယခု စိတ်ဝိညာဉ်တစ်ထောင်တိုးပွားခြင်းမန္တန်ပင် နတ်ဘုရားစိတ်ဝိညာဉ်နာကျင်နေသည့် ပြဿနာကို ဖြေရှင်းပေးနိုင်ခြင်းမရှိပေ။
ထိုအရာက တစ်ပြိုင်တည်းအဆင့်တက်သည့် ရိုးရှင်းသောကိစ္စမဟုတ်ပေလော။ ဤကဲ့သို့အရာမျိုးက မည်သည့်အတွက် ဖြစ်ပေါ်လာခဲ့ရသနည်း။
ယီယွမ်က လုံးဝပင် အကူအညီကင်းမဲ့နေသည့်အခြေအနေသို့ရောက်ရှိနေပြီး အသိစိတ်ကွယ်ပျောက်တော့မည့် အခြေအနေသို့ရောက်ရှိနေချိန်တွင် သူ၏နတ်ဘုရားစိတ်ဝိညာဉ်ကလည်း ပုံမှန်မဟုတ်သောပြောင်းလဲမှုကို ကြုံတွေ့နေခဲ့ရ၏။
အလွန်များပြားသော ရွှေရောင်အမည်မသိစာလုံးများက ယီယွမ်၏ အသိစိတ်ပင်လယ်ထဲသို့ တဖြည်းဖြည်း ဝင်ရောက်လာခဲ့ပြီး စမ်းချောင်းတစ်ခုကဲ့သို့ တွန့်လိမ်လှုပ်ရှားကာ ယီယွမ်၏ နတ်ဘုရားစိတ်ဝိညာဉ်ကို ချက်ချင်းအားဖြည့်ပေးနေခဲ့သည်။
ထိုရွှေရောင်စာလုံးများက မယုံကြည်နိုင်စရာကောင်းလောက်အောင်ပင် အင်အားကြီးမားပြီး ထူးခြားဆန်းကြယ်ပေသည်။ စာလုံးတိုင်းက ယီယွမ်၏ အသိစိတ်ပင်လယ်အတွင်းသို့ ဝင်ရောက်သွားပြီးနောက် ပျောက်ကွယ်သွားခဲ့ကြပြီး ယီယွမ်၏ နတ်ဘုရားစိတ်ဝိညာဉ်ကလည်း ပြန်လည်ကောင်းမွန်လာခဲ့၏။
တဖြည်းဖြည်းနှင့် နတ်ဘုရားစိတ်ဝိညာဉ်နာကျင်မှုက လျော့ပါးသက်သာလာခဲ့ပြီး နောက်ဆုံး၌ လုံးဝပင် ပျောက်ကွယ်သွားခဲ့ပေသည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...