ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ -ဖြိုးသူဝင်း
Chapter 16
ယီဟန် က ယီယွမ်၏ စကားကိုလက်မခံလိုဘဲ လက်ခါပြ၍ ပြောလိုက်၏။"အဖေနဲ့ဆိုရင် ယဉ်ကျေးနေစရာမလိုပါဘူးကွာ....ဒီနေ့သားပိုင်ဆိုင်နေတဲ့ စွမ်းရည်တွေကြောင့် အဖေအရမ်းပျော်တယ်....အဖေမင်းကို သတိထပ်ပေးချင်တယ်....ဝမ်ဒွန်ဟိုင်က အရမ်းကောက်ကျစ်တယ်....ဒီနေ့လို ကိစ္စကြောင့် နောက်ထပ်မကြုံရအောင် သူကနောက်ကွယ်မှာ လုပ်ကြံဖို့ကြံစည်နေသလားဆိုတာ ဘယ်သူမှမသိနိုင်ဘူး...မင်းကို အိမ်မှာတော့ အဖေလုံခြုံအောင်ထားနိုင်တယ်...ဒါပေမယ့် ဒန်ဝူအကယ်ဒမီကို သားရောက်သွားရင်တော့ အဖေလဲ လက်လှမ်းမမီတော့ဘူးလေ....ယွမ်အာ အကယ်ဒမီကို မပြန်တော့ဘဲ အိမ်မှာပဲနေလိုက်ပါလား...."
ယီယွမ်သက်ပြင်းချလိုက်မိသည်။သူ၏ယခင်ခန္ဓာကိုယ်ပိုင်ရှင် ဆိုးသွမ်းနေရခြင်းမှာ မထူးဆန်းတော့ပေ။ယီဟန်၏ သူ့သားကိုအလိုလိုက်ခြင်းသည် အလွန်ပြင်းထန်နေပေ၏။ယီယွမ်သည် လှောင်အိမ်ထဲမှ ငှက်တစ်ကောင်လို နေချင်စိတ်မရှိ၍ ဒန်ဝူအကယ်ဒမီသို့ သွားရပေမည်။
"အဖေ...ကျနော် ဒန်ဝူအကယ်ဒမီကို ပြန်မယ်...အိမ်မှာနေမယ်ဆိုရင်တောင် အပြင်ကို တစ်ခါမှမထွက်ဘူးဆိုတာ မဖြစ်နိုင်ဘူးလေ...ခဏတော့ ပုန်းနေလို့ရမယ်..တစ်သက်လုံးပုန်းနိုင်မှာ မဟုတ်ဘူး...ဆရာက ကျနော့်ကို သင်ပေးတယ်ဆိုရင်တောင် ကျနော်ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေနေပြီး ကြိုးစားအားထုတ်မှုမရှိရင် ဒီတစ်သက်ထူးချွန်လာနှာမဟုတ်တော့ဘူးလေ....အဖေ သဘောမတူဘူးလား??"
ယီယွမ်၏မျက်လုံးထဲတွင် ဝမ်ဒွန်ဟိုင် က ပြိုက်ဘက်တစ်ယောက်မဟုတ်ပေ။ဒီဝမ်ဒွန်ဟိုင်ကိုပင် အနိုင်မယူနိုင်ပါက နတ်ဘုရားနိုင်ငံတော် သို့ လက်စားချေရန်လမ်းကို မည်ကဲ့သို့ စတင်နိုင်ပါမည်နည်း။ဒန်ဝူအကယ်အမီတွင်တက်ရောက်၍ အခြား ဂျီးနီးယပ် များနှင့် ယှဉ်ပြိုင်ခြင်းဖြင့် ယီယွမ်တိုးတက်လာမည်ဖြစ်၏။ထို့ပြင် မြင့်မားသောကျင့်စဉ်အဆင့်ရောက်နေသော်လည်း တိုက်ပွဲဝင်စွမ်းရည်မြင့်မားမည်မဟုတ်ချေ။ကျင့်စဉ်လောကတွင် အားနည်းသောသူက သန်မာသောသူကို အနိုင်ယူခဲ့သော အဖြစ်အပျက်များစွာ ဖြစ်ပွားခဲ့လေ၏။လောင်းရိပ်မိနေသော ပန်းပင်များမှာ ကောင်းစွာဖွံ့ ဖြိုးမည်မဟုတ်ပေ။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...