ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ်-(8)
Chapter-85
" လျူအာ...လျူအာ....." ယီယွမ်က လေ့ကျင့်နေရာမှ ထွက်လာပြီး လျူအာ ကို ခေါ်လိုက်သည်။ သို့သော် စကားပြန်လုံးဝ မလာခဲ့ပေ။
ယီယွမ်က အလွန် သံသယဖြစ်သွားခဲ့သည်။ လျူအာက သူ လေ့ကျင့်နေရာမှ ထွက်လာမည်ကို စောင့်နေခြင်းဖြစ်၏။ သူမ မည်သည့်နေရာသို့ သွားနေသနည်း။
လျူအာက အလွန်နာခံတတ်သော သူဖြစ်ရာ တစ်စုံတစ်ရာ သော ကိစ္စရှိလာပါက သူ့အား သတင်းပေးထားခဲ့မည်ဖြစ်သည်။ သို့သော် ယီယွမ်က နေရာတစ်ခုလုံးကို ရှာဖွေခဲ့သော်လည်း ထူးခြားချက် တစ်စုံတစ်ရာ ကို မတွေ့ခဲ့ပေ။
သူ၏ အိမ်နီးနားချင်းများကို မေးမြန်းလိုက်သော်လည်း တစ်စုံတစ်ဦးကမှ မသိခဲ့ပေ။
ကျန်းဟန် က အကြံအစည်ကြီးမားသော သူ ဖြစ်သည်။ သူအခွင့်ကောင်းယူလိုက်သော အချိန်မှာ စာသင်ချိန်ဖြစ်၍ ကျောင်းသားအားလုံးက စာသင်ခန်းသို့ ရောက်နေကြပေ၏။
ယီယွမ်က တံခါးပိတ်လေ့ကျင့်မှု ပြုလုပ်နေသည်ဖြစ်၍ သူမက အတန်းမတက်ခဲ့ခြင်းဖြစ်၏။ သို့ရာတွင် ထိုအချက်ကပင် ကျန်းဟန်အတွက် အခွင့်အရေး ဖြစ်သွားပေသည်။
" ထူးဆန်းတယ်...လျူအာက ဘယ်သွားနေတာလဲ...ဒန်ဝူအကယ်ဒမီမှာ လူတွေကို ပြန်ပေးဆွဲရဲတဲ့သူ မရှိနိုင်ပါဘူး....." ယီယွမ်က စားပွဲပေါ်တွင် ထိုင်ချလိုက်ပြီး တွေးတောနေခဲ့၏။
ထန်ယုကို လျူအာ က သွားရှာနေတာလား.....
ဤနေရာတွင် လျူအာ က ထန်ယုတစ်ယောက်ကိုသာ ရင်းနှီးပေသည်။
ထန်ယုကို တွေးမိသွား၍ ယီယွမ် စိတ်သက်သာရာ ရသွားခဲ့ပြီး ထန်ယုကို သွားရှာမည့်အချိန်တွင် တံခါးခေါက်သံ ထွက်ပေါ်လာခဲ့၏။
တံခါးကို ဖွင့်ကြည့်လိုက်သောအခါ တွေ့လိုက်ရသည်မှာ ထန်ယုက လွဲ၍ မည်သူဖြစ်နိုင်မည်နည်း။
ထန်ယုက ယီယွမ်ကို မြင်လိုက်ရ၍ ပျော်ရွှင်သွားခဲ့သည်။ " ကျွန်တော်က ဂိုဏ်းတူအစ်ကိုကြီး ယီ လေ့ကျင့်နေရာကနေ ထွက်လာပြီလားဆိုတာ လာကြည့်တာ...ဒီလို တိုက်ဆိုင်လိမ့်မယ်လို့ မထင်ခဲ့ဘူး...အာ...အစ်ကိုကြီးက အဆင့်(6)ချီစွမ်းအင်အဆင့် ကို ရောက်သွားပြီလား....."
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...