Chapter-191
“ဂေဟာသခင်… နောက်ဆုံးတော့ ဂေဟာသခင်က တံခါးပိတ်လေ့ကျင့်နေရာကနေ ထွက်လာပြီပေါ့…..”
ဒေါသထွက်နေခဲ့သောဖုန်းစန်းက နောက်သို့လှည့်ကြည့်လိုက်ရာတွင် ယီဟန်ကို မြင်လိုက်ရ၏။ သူကချက်ချင်းပင် ပျော်ရွှင်သွားခဲ့သည်။
ဤတစ်လအချိန်ကာလအတွင်း ဖုန်းစန်းက မည်သို့အသက်ရှင်သန်နေထိုင်ခဲ့ရသည်ကို မည်သူမှ နားလည်နိုင်မည်မဟုတ်ပေ။
သို့သော် ယီဟန်က တံခါးပိတ်လေ့ကျင့်နေရာမှ ထွက်လာသည်ကို မြင်သောအချိန်တွင် အရာအားလုံးက အဆင်ပြေသွားခဲ့ပြီ ဖြစ်၏။
“ဟမ့်… ဒါကတံခါးပိတ်လေ့ကျင့်နေတာကနေ ထွက်လာရုံပဲမဟုတ်လား… ဘာတွေရေးကြီးခွင်ကျယ်လုပ်စရာရှိလို့ပဲ… ဒီအချိန်မှာ ခင်ဗျားက တံခါးပိတ်လေ့ကျင့်နေရာကနေ ထွက်လာတယ်ဆိုရင်တောင် ဘာအသုံးဝင်တော့မှာလဲ…..”
ယီဟန်ကိုမြင်လိုက်ချိန်တွင် အစေခံကောင်လေးကလည်း အလွန်အမင်းထိတ်လန့်တုန်လှုပ်သွားခဲ့၏။ သို့သော် သူကချက်ချင်းပင် သူ၏ရင်ကိုကော့၍ လျင်မြန်စွာပင် ပြောဆိုလိုက်သည်။
အခုအချိန်မှာ ငါတို့ရဲ့ ကြယ်တာရာယစ်မူးဂေဟာက ခွန်အားအကြီးမားဆုံးပဲ…..
တကယ်လို့ ယီဟန်က တံခါးပိတ်လေ့ကျင့်နေရာကနေ ထွက်လာပြီဆိုရင်တောင် သူကဒေါသတကြီးဖြစ်နေတဲ့ ဒီရေလှိုင်းတွေကို တောင့်ခံနိုင်ပါ့မလား…..
မဖြစ်နိုင်ဘူး….. လုံးဝမဖြစ်နိုင်ဘူး…..
မင်းကဂေဟာသခင်ကို မလေးမစားပြုမူရဲတယ်ပေါ့… သေချင်နေတာလား…..” ဖုန်းစန်းက ထိုစကားကိုကြားချိန်တွင် ဒေါသထွက်သွားခဲ့ပြီး ထိုအစေခံကောင်လေးကို လက်ဝါးတစ်ချက်တည်းဖြင့် အသေရိုက်သတ်ရန် ပြင်ဆင်လိုက်ပေ၏။
“ထားလိုက်ပါ… ယင်ကောင်ငယ်လေးတစ်ကောင်ပဲ… သူ့ကိုသွားခွင့်ပေးလိုက်…..” ယီဟန်က အေးအေးဆေးဆေး ပြောဆိုလိုက်သည်။
သူ၏အဆင့်အတန်းဖြင့်ဆိုပါက ယင်ကောင်ငယ်လေးတစ်ကောင်ဖြင့် တုပြိုင်ပြောဆိုနေရန် မလိုအပ်ပေ။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...