ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ်(17)
Chapter-195
“ဟားဟားဟား… နောက်ဆုံးတော့ မင်းကထုတ်ဖော်ဝန်ခံလာပြီပေါ့… ယီယွမ် ငါမင်းကိုမသတ်ရဲဘူးလို့ မင်းကတကယ်ထင်နေတာလား…..” စူးယူဘိုင်က အလွန်အမင်း ဒေါသထွက်သွားခဲ့သော်လည်း ရယ်မောလိုက်သည်။
“ဟီးဟီး… တကယ်လို့ ခင်ဗျားကကျုပ်ကို သတ်လိုက်မယ်ဆိုရင် ခင်ဗျားလည်း ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်ဘူးနော်… ဟုတ်တယ်မလား… ငြိမ်သက်တိမ်တိုက်အဖွဲ့က ခင်ဗျားကို ရှာတွေ့ပြီဆိုရင် အဲဒီကိစ္စက ဟာသလုပ်ရမဲ့ ကိစ္စမဟုတ်ဘူးလေ… ဘာလို့ခင်ဗျားက ပြန်ပြီးမစဉ်းစားချင်ရတာလဲ…..” ယီယွမ်ကဖျော့တော့သောအပြုံးတစ်ခုဖြင့် ပြောဆိုခဲ့၏။
“အပြစ်ဖြစ်မှာလား… မင်းကအဲဒါကို အများကြီး တွေးနေတာပဲ… ငရဲကိုသွားလိုက်တော့…..”
စူးယူဘိုင်က ထိုသို့ပြောနေရင်း ရုတ်တရက် လှုပ်ရှားလိုက်ကာ ယီယွမ်ဆီသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
ကောင်းကင်ခွဲလက်ဝါး…..
တူညီသောသိုင်းကွက်ဖြစ်သော်လည်း ထုတ်ဖော်တိုက်ခိုက်သူဖြစ်သော
စူးရီရှန်းနှင့် စူးယူဘိုင်တို့ကွာခြားသွားသည့်အတွက် အကြီးအကျယ်ကွာခြားသွားခဲ့ကြ၏။သို့သော် ဤလက်ဝါးချက်က လေထုကိုသာ ရိုက်ခတ်သွားခဲ့သည်။
စူးယူဘိုင်က သူ၏အမြင်များ မှုန်ဝါးသွားသည်ကို ခံစားလိုက်ရပြီး တစ်ချိန်တည်းမှာပင် ယီယွမ်ကိုးယောက်က အမှန်တကယ်ပေါ်ပေါက်လာခဲ့၏။ ထို့ပြင် သူကမည်သည့်တစ်ခုမှာ ယီယွမ်၏အစစ်အမှန် ခန္ဓာကိုယ်ဖြစ်ကြောင်း ခွဲခြားနိုင်ခြင်းမရှိခဲ့ပေ။
ထို့နောက် စူးယူဘိုင်က ထိုနေရာကို စိတ်၌ထင်ယောင်ထင်မှားဖြစ်သွားသည်အထိ ကျော်ဖြတ်သွားခဲ့၏။ သူကမူလနေရာသို့ ရောက်လာချိန်တွင် ယီယွမ်က ယခင်နေရာ၌ မည်သည့်လှုပ်ရှားမှုကိုမှ မပြုလုပ်သည့်ဟန်ဖြင့် ယီယွမ်က တည်တည်ငြိမ်ငြိမ်ဖြင့် ရပ်နေခဲ့သည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...