Chapter 44

3.9K 541 5
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ -ဖြိုးသူဝင်း

Chapter 44

ယီယွမ်က လူအများ၏ အံ့အားသင့်နေမှုကို ဂရုမစိုက်ဘဲ ဖိန်ချင်းပေါင်၏ ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားခဲ့သည်။

"ငါမင်းကို မသတ်နိုင်ဘူးလို့ မင်း ပြောလိုက်တာလား???မင်းက ဝမ်ယွမ်ရဲ့ နောက်လိုက်ခွေးတစ်ကောင်ကလွဲပြီး ဘာမှမဟုတ်ဘူး......"ယီယွမ်က အေးအေးဆေးဆေး ပင် ပြောလိုက်၏။

ဖိန်ချင်းပေါင်က တစ်ခုခုကို ပြောလိုက်ချင်သော်လည်း နောက်တစ်ကြိမ် သွေးအန်သွားခဲ့သည်။

ပထမအလွှာက ခွန်အားနှစ်ဆဖြစ်ပြီး ဒုတိယအလွှာ က ခွန်အား လေးဆ ဖြစ်ပေသည်။

ယီယွမ်၏ ကိုယ်တွင်းစွမ်းအင်ကို လေးဆ အသုံးပြုလိုက်ခြင်းမှာ ဖိန်ချင်းပေါင်၏ ကိုယ်တွင်းစွမ်းအင်အကာအကွယ်မှာ မလုံလောက်တော့ပေ။

ထိုရိုက်ချက်က ဖိန်ချင်းပေါင်၏ ကိုယ်တွင်းစွမ်းအင်အကာအကွယ်ကို တိုက်ရိုက်ချိုးဖျက်သွားပြီး သူ၏ ရင်ဘတ်တွင် ဒဏ်ရာအနာတရ ဖြစ်သွားစေခဲ့သည်။

ယီယွမ်က မညှာတာတော့ဘဲ သူ၏ စွမ်းအားအကုန်သုံး၍ တိုက်ခိုက်လိုက်မှုကြောင့် ဖိန်ချင်းပေါင်၏ ကိုယ်တွင်းအင်္ဂါများကို တိုက်ရိုက်ထိခိုက်သွားစေပြီး သူ၏ နှလုံးသွေးကြောများကို ပျက်စီးသွားစေခဲ့သည်။

ယီယွမ်က သေခြင်းတရားကို ဖိန်ချင်းပေါင်၏ နှလုံးသားထဲထိ ခံစားစေခြင်းဖြင့် နောင်တရစေခဲ့၏။

သူ၏ ယခင်ခန္ဓာကိုယ်ပိုင်ရှင်သည် ဖိန်ချင်းပေါင်ကြောင့်သေဆုံးခဲ့ရသည်။ယီယွမ်က ယခုခန္ဓာကိုယ် အား ဆက်ခံခဲ့ပြီးနောက် သူ၏ မူလခန္ဓာကိုယ်ပိုင်ရှင်၏ မသေခင် ခံစားခဲ့ရသော နာကျင်ခံစားရမှုများကို သိရှိခံစားမိ၏။

ယခု သူက ဖိန်ချင်းပေါင်အား သတ်ဖြတ်ခဲ့ခြင်းမှာ သူ၏ မူလခန္ဓာကိုယ်ပိုင်ရှင် အတွက် လက်တုံ့ပြန်ပေးခြင်းဟု သတ်မှတ်ရပေမည်။

"အဟွတ်!!!အဟွတ်!!!အဟွတ်!!!ယီယွမ်.....ငါ ဝိဥာဉ်ဖြစ်သွားရင်တောင် မင်းကို ခွင့်မလွှတ်ဘူး!!!!!!"ဖိန်ချင်းပေါင်က အခွင့်အရေးရရှိရန် အတွက် မတ်တတ်ရပ်ရန် ကြိုးစားလိုက်သည်။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now