ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ -ဖြိုးသူဝင်း
Chapter 70
“ နေပါဦး…..” ဖိန်လျှိုချင်က ပြောလိုက်ပြီး ရှေ့သို့ ထွက်လာခဲ့သည်။
ဖိန်လျှိုချင်၏ အမူအရာ ကြောင့် ကျောင်းသားများ စိတ်ညစ်သွားခဲ့ကြသည်။ ထိုနှစ်ယောက်အကြားတွင် ဆက်ဆံရေးတစ်ခုခု ရှိနေသည်မှာ သေချာလှပေ၏။
“ ကျေးဇူးပြုပြီးစိတ်အေးအေးထားပါ အကြီးအကဲ...ကျွန်မ သူ့ကို စကားခဏ ပြောလို့ရမလား…..” ဖိန်လျှိုချင် က ဒန်ဝူအကယ်ဒမီ ၏ ဆရာမ တစ်ယောက်ဖြစ်သော်လည်း မှော်ဆေးပညာရှင်အစည်းအရုံး၏ နယ်မြေတွင် လက်လွတ်စပယ်လုပ်ဆောင်၍ မရပေ။
အကြီးအကဲ ဝမ်က ခေတ္တ စဉ်းစားလိုက်ပြီး သဘောတူလက်ခံခဲ့သည်။
ဖိန်လျှိုချင်က ယီယွမ်အား စိတ်ရှုပ်စွာ ကြည့်လိုက်ပြီး သူတစ်ခုခု ကြံစည်နေသည်လား ဆိုသည်ကို ရှာဖွေရန် ကြိုးစားလိုက်၏။ သို့သော် အချိန်အတော်ကြာ ကြည့်ခဲ့သော်လည်း သူမက တစ်စုံတစ်ရာ ကို မတွေ့ခဲ့ရပေ။
“ ငါတစ်ခုလောက်မေးချင်တယ်...ယီယွမ် ငါတို့အရင်က သဘောတူညီထားခဲ့တာ အခုအချိန်ထိ အသက်ဝင်ဆဲလား…..” ဖိန်လျှိုချင်က အသံတိုးတိုးဖြင့် မေးလိုက်၏။
ထိုမေးခွန်းက အနည်းငယ် ဒွဟဖြစ်စရာ ဖြစ်သွားခဲ့ပြီး ဖိန်ဇီရို မှ လွဲ၍ အခြားသူများက အတိအကျမသိကြ၍ လူတိုင်း၏ စိတ်ကူးနိုင်စွမ်း အကန့်အသတ် ထက် ကျော်လွန်သွားခဲ့သည်။
ယီယွမ် က စိတ်ပျက်လက်ပျက် ပြန်ပြောလိုက်၏။ “ ကျွန်တော် တို့ သဘောတူညီချက်ကို ထိန်းသိမ်းနေတာ မဟုတ်ရင် ကျွန်တော့်ကို အရူးတစ်ယောက်လို သူများတွေက ကြည့်နေတာကို ပျော်နေမယ်ထင်လို့လား…..”
ယီယွမ်၏ ပြောစကားကို ကြား၍ ဖိန်လျှိုချင် က စိတ်သက်သာရာရသွားခဲ့သည်။
အခြားသူများက ယီယွမ်၏ မှော်ဆေးပညာတာအို အဆင့်အတန်း ကို မသိကြသော်လည်း ဖိန်လျှိုချင်က အတိအကျ သိရှိပေ၏။
သူမလို အလယ်အလတ်အဆင့် မှော်ဆေးပညာရှင်မာစတာ တစ်ယောက်နှင့် နှိုင်းယှဉ်လျှင် ယီယွမ်က ကျင့်စဉ်အဆင့်သာ နိမ့်ကျပေသည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...