ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Chapter 32
"မင်း ဟိုသတင်းကို ကြားပြီးပြီလား??ဇယားအောက်ဆုံးက ကြည့်ရင် ထိပ်ဆုံးကဖြစ်တဲ့ အနှစ်တစ်သောင်းရဲ့ ဘိတ်ချေးကောင် ယီယွမ်က တစ်စုံတစ်ယောက် နဲ့ သေခြင်းရှင်ခြင်း အဆုံးဖြတ်တိုက်ပွဲ ဆင်နွှဲဖို့ စိန်ခေါ်တာကို လက်ခံလိုက်ပြီတဲ့....."
"ငါကြားပြီးပြီ...သူက သေချင်နေတယ်လို့ မင်းမထင်ဘူးလား...လွန်ခဲ့တဲ့ နှစ်နှစ်က သေခြင်းရှင်ခြင်း အဆုံးဖြတ်တိုက်ပွဲ ပြီးတဲ့နောက် အကယ်ဒမီမှာ တစ်ခါမှ မဆင်နွှဲကြသေးဘူး....ဒီသတင်းက အချိန်အတော်ကြာတဲ့အထိ လူကြားထဲမှာ ရေပန်းစားနေဦးမှာ....."
"ဟုတ်တယ်....အဲ့ဒါက နှစ်နှစ်နဲ့ ငါးလ ကြာခဲ့ပြီ...အဲ့ဒီ သေခြင်းရှင်ခြင်း အဆုံးဖြတ်တိုက်ပွဲ ကို ဂိုဏ်းတူအကိုကြီး လောင် က လက်ခံဆင်နွှဲခဲ့တာ....သူက နောက်ဆုံးအဆင့်က ကျောင်းသားဖြစ်ပြီး သူ့ထက် အဆင့်နှစ်ဆင့် မြင့်မားတဲ့ ပြိုင်ဘက်ကို အနိုင်ရခဲ့တယ်....အဲ့ဒီတိုက်ပွဲပြီး လို့ နှစ်နှစ်ကြာတဲ့အခါ သူက သိုင်းပညာလမ်းစဉ်မှာ နာမည်အကျော်ကြားဆုံးလူတစ်ယောက်ဖြစ်သွားမယ်လို့ ဘယ်သူတကထင်ခဲ့မာဘဲ???"
"အဲ့ဒါအမှန်ပဲ....ဂိုဏ်းတူအကိုကြီး လောင် က အရင်တုန်းက သူ့ရဲ့ စွမ်းရည်အမှန်ကို ဖုံးကွယ်ထားခဲ့တယ်....သူ့ရဲ့ ပြိုင်ဘက်က တိုက်ပွဲမှာ သေသွားပြီးကတည်းက အကို လောင် က မိုးကောင်းကင် အဆင့်ကို တက်ရောက်နိုင်ဖို့ ကြိုးစားခဲ့ပြီး နောက်ဆုံးမှာ သိုင်းပညာလမ်းစဉ်မှာ နာမည်အကျော်ကြားဆုံးသူဖြစ်လာခဲ့တာပဲ....."
"ဟေး!!ယီယွမ်က သူ့ထက် ခွန်အားကြီးတဲ့ ပြိုင်ဘက်ကို အနိုင်ယူနိုင်ပြီး အသေသတ်နိုင်မယ်လို့ ထင်လား??သတင်းကြားရတာတော့ သူက အဆင့်နှစ်ဆင့် တက်ဖို့ ရက်အနည်းငယ်ပဲ အချိန်ယူလိုက်ရတယ်တဲ့ဟ...ပြီးတော့ တကယ်ပဲ အဆင့်(1)ချီစွမ်းအင် အဆင့်ကနေ အဆင့်(3)ချီစွမ်းအင်အဆင့်ကို မြင့်တက်သွားခဲ့တယ်..."
"မဖြစ်နိုင်ဘူး...သူက ဘယ်လိုလုပ် ဂိုဏ်းတူအကိုကြီး လောင် နဲ့ ယှဉ်နိုင်မှာလဲ??ဂိုဏ်းတူအကိုကြီး လောင်က နှိမ့်ချပြီးနေပေမယ့် အဲ့လောက် အားမနည်းဘူး....အဆင့်နှစ်ခုကို တစ်ခါတည်းတက်သွားခြင်းလား???အဲ့ဒီယီယွမ်က အကယ်ဒမီကို နောက်ဖေးပေါက်နေဝင်လာတာကို မသိဘူးလား??သူ့အဖေက ငါတို့ချင်နိုင်ငံက မှော်ဆေးပညာရှင်ဂရန်းမာစတာ တစ်ယောက်လေ....သူ့အဖေရဲ့ မှော်ဆေးပညာ အဆင့်အတန်းနဲ့ဆိုရင် သူ့သားကို အဆင့်နှစ်ဆင့် တက်ဖို့ ကူညီပေးတာက ဘာလို့ထူးဆန်းတော့မှာလဲ???ဒီလိုနည်းလမ်းက အကျိုးမရှိလို့ တိုက်ပွဲဝင်စွမ်းရည်လဲ ရှိမှာမဟုတ်ဘူးလေ....."
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...