Chapter 53

3.6K 487 2
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ -ဖြိုးသူဝင်း

Chapter 53

မှော်ရတနာဝိဥာဉ် သည် တိုးတက်မှုစမ်းသပ်ပွဲ တွင် ကျောင်းသားပေါင်းမရေမတွက်နိုင်အောင်ပင် လမ်းညွှန်ပေးခဲ့ဖူးသော်လည်း ယီယွမ်ကဲ့သို့ တည်ငြိမ်သော ကျောင်းသားတစ်ယောက်ကို ပထမဦးဆုံး ကြုံတွေ့ရခြင်းဖြစ်သည်။

"အခု ထိုင်ပြီး လေ့ကျင့်လိုက်.....ပြီးရင် ငါက မင်းကို စမ်းသပ်ခြင်းထဲ ခေါ်သွားတော့မယ်.....ဘာပဲဖြစ်နေဖြစ်နေ ခုခံဖို့ မကြိုးစားနဲ့နော်.....ဒီလိုမှမဟုတ်ရင် ဖြစ်လာမယ့်အကျိုးဆက်ကို ငါတာဝန်မယူဘူးနော်....."မှော်ရတနာဝိဥာဉ် က ပြောကြားလိုက်၏။

ယီယွမ်က စကားတစ်ခွန်းမှ မပြောတော့ဘဲ ထိုင်ချလိုက်ပြီး လေ့ကျင့်လိုက်သည်။

မှော်ရတနာဝိဥာဉ် က မည်သို့ စမ်းသပ်စစ်ဆေးခြင်း လုပ်ဆောင်မည်ကို ယီယွမ်အနည်းငယ် စူးစမ်းချင်နေခဲ့၏။

ခေတ္တခဏ ကြာပြီးနောက် ယီယွမ်က သူ၏ ခန္ဓာကိုယ် ပေါ့ပေါးသွက်လက်သွား၍ အိပ်မွေ့ချခံလိုက်ရသလို ဖြစ်သွားပြီးနောက် ယီယွမ်က လေ့ကျင့်ရေးခန်းမ အလွတ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။

ထိုအခြေအနေကို မြင်၍ ယီယွမ်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။

ဖြစ်နိုင်သည့်အရာမှာ ပုံရိပ်ယောင်မျှော်စင် ၏ မှော်ရတနာဝိဥာဉ် မှာ အိပ်မက်ကြံ့သူတော် ဖြစ်ပုံရသည်။ငြိမ်သက်တိမ်တိုက်အဖွဲ့အစည်းတွင် ချီးကျူးစရာကောင်းသော ပညာရပ်များရှိပေ၏။ အတားအဆီးသုံးဆယ့်နှစ်ခုဝိဥာဉ်အလံ......ကြည့်ရသည်မှာ အနိမ့်ဆုံးအဆင့် မီးခိုးရောင်အိပ်မက်ကြံ့သူတော် ဖြစ်ပုံရသည်။အိပ်မက်ကမ္ဘာထဲတွင် စမ်းသပ်စစ်ဆေးခြင်းပြုလုပ်သည်မှာ အန္တရာယ်ကင်းပြီး သင့်တော်လွန်း၏။ ပုံရိပ်ယောင်မျှော်စင် ကို တည်ဆောက်ခဲ့သော သူမှာ ဥာဏ်ပညာကြီးမားလွန်းလှပေသည်။

အိပ်မက်ကြံ့သူတော်များ မှာ အိပ်မက်ကမ္ဘာ ကို ကိုယ်စားပြုသော မှော်သတ္တဝါ များဖြစ်ကြ၏။သူတို့တွင် သူတို့၏ ကိုယ်ပိုင်အားသာချက်များရှိသော်လည်း တိကျသော ခန္ဓာကိုယ်မရှိကြပေ။လူသားများနှင့် မိစ္ဆာသားရဲများ ၏ အိပ်မက်ကမ္ဘာ ထဲသို့ တိတ်တဆိတ် ဝင်ရောက်သွားပြီး အိပ်မက်ကမ္ဘာထဲတွင်သာ ခွန်အားတိုးမြင့်စေရန် ကြိုးစားကြပေသည်။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now