ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ်(8)
Chapter-89
ဒန်ဝူအကယ်ဒမီ၏ အထွေထွေရေးရာဌာန ကို အတွင်းရုံး၊အလယ်ရုံးနှင့် အပြင်ရုံးဟူ၍ ခွဲခြားထားသည်။
အပြင်ရုံးသည် ကျောင်းသားများကို အလုပ်များ စီမံခန့်ခွဲပေးသော နေရာဖြစ်၏။ အလယ်ရုံးမှာ အထွေထွေရေးရာဌာန၏ ကျောင်းသားမန်နေဂျာများ အလုပ်လုပ်သော နေရာဖြစ်သည်။အတွင်းရုံးမှာ အရေးပါသော ပုဂ္ဂိုလ်များ လုပ်ငန်းလုပ်ဆောင်သောနေရာဖြစ်၏။
လက်ရှိအချိန်တွင် လင်ထန်းချန်က အတွင်းရုံးထဲတွင် ကျောင်းသားမန်နေဂျာများ ကို အလုပ်များ စီမံခန့်ခွဲပေးနေပေသည်။
" မင်းတို့အားလုံး ငါ ညွှန်ကြားထားတဲ့ အလုပ်တွေကို မြန်မြန်လုပ်ကြ...ကျောင်းသားသစ်တွေ အများအပြားဝင်ရောက်လာတယ်...သူတို့ကို နှိမ့်ချနေထိုင်တတ်အောင် လုပ်ပေးလိုက်...ပြဿနာ ရှာတဲ့ သူတွေ ရှိရင် သူတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးလိုက်...ယဉ်ကျေးနေဖို့ မလိုဘူး..."
လင်ထန်းချန် က အဆင်မြင့်သော သူတစ်ယောက်အဖြစ် လူအများကို အမိန့်ပေးလိုက်၏။
"ဟုတ်ကဲ့...ဂိုဏ်းတူအစ်ကိုကြီးလင်...ကျွန်တော်တို့ ကောင်းကောင်းမွန်မွန် လုပ်ဆောင်ပါ့မယ်....." ထိုစကားကို ပြောပြီးနောက် လူအများအပြား က လှည့်ထွက်သွားခဲ့ကြသည်။
ဘုန်း..ဘုန်း..ဘုန်း
တံခါးခေါက်သံပြင်းပြင်း ကြားလိုက်ရ၏။
"ဂိုဏ်းတူအစ်ကိုကြီးလင်...မကောင်းတာတစ်ခုခု ဖြစ်နေပြီ...မကောင်းတာတစ်ခု ဖြစ်နေပြီ...." တံခါးအပြင်ဘက်တွင် ကျောင်းသားတစ်ယောက်က ကျယ်လောင်စွာ အော်ပြောလိုက်ရာ လင်ထန်းချန်က မျက်မှောင်ကုတ်သွားခဲ့သည်။
လင်ထန်းချန်က စည်းကမ်းကြီးမားသူဖြစ်၏။ အဆင့်နိမ့်သောကျောင်းသားများက ဤနေရာသို့ ဝင်ရောက်လာချိန်တွင် အသံကျယ်လောင်စွာပြောဆိုခြင်း မပြုရဲပေ။ ယနေ့ တစ်စုံတစ်ယောက်က လှံသွားကို ထိပ်တိုက်ရင်ဆိုင်တိုးလိုက်ပေပြီ။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...