Chapter 166

2K 207 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ- ဖြိုးသူဝင်း

စာစဉ် ( ၁၄ )

Chapter-166

စူးရီရှန်းက ယီယွမ်၏ တိုက်ကွက်များကို အလွန်အမင်း ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်သည်။

ရေလွှာလက်ဖဝါးပညာရပ်….. အဋ္ဌမအလွှာ…..

သို့သော် ရေလွှာလက်ဖဝါးပညာရပ်၏ အဋ္ဌမအလွှာက ဤကဲ့သို့ အံ့မခန်းအစွမ်းထက်သော ခွန်အားများရှိနေသည်ကို မေးခွန်းထုတ်စရာဖြစ်လာပေ၏။

ထိုအရာကို သူ၏လက်ဝါးဖြင့်တိုက်ခိုက်ခဲ့ရာ လုံးဝပင် အသာစီးမရခဲ့ပေ။

အဋ္ဌမအလွှာက မည်မျှပင်သန်မာစေကာမူ ထိုအရာက အဆင့်(1)သိုင်းပညာရပ်တစ်ခုသာဖြစ်သည်။

ယီယွမ်က စောစောလေးတင်မှ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်သို့ တက်ရောက်ခဲ့ခြင်းဖြစ်၏။ အဆင့်(1)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်တစ်ယောက်က အဆင့်(1)သိုင်းပညာရပ်တစ်ခုကို အသုံးပြုတိုက်ခိုက်ခဲ့ရာ သူကဲ့သို့အဆင့်(4)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်တစ်ယောက်ကို ခွန်အားတူတိုက်ခိုက်နိုင်ခြင်းမှာ မည်သို့ဖြစ်နိုင်မည်နည်း။

မည်သည့်အချိန်တွင် အဆင့်(1)သိုင်းပညာရပ်များက ထိုမျှ အစွမ်းထက်သွားခဲ့သနည်း။

အဆင့်(1)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်များက မည်သည့်အချိန်တွင် ထိုမျှ သန်မာသွားခဲ့သနည်း။

ယီယွမ်က နှုတ်ခမ်းတွန့်ရုံပြုံးလိုက်ပြီး မကျေမနပ်ဖြစ်နေသည့်အသံဖြင့် ပြောလိုက်သည်။ “တကယ်ပဲ အဆင့်(1)သိုင်းပညာရပ်တွေကို သုံးဖို့ မသင့်တော်တော့ဘူးကိုး…..”

ယီယွမ်ကစောစောကလေးတင်မှ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်သို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။ ဝိညာဉ်ဟင်းလင်းပြင်ဖျက်ဆီးခြင်း ခြေသိုင်းပညာရပ်ကလွဲ၍ ယန်ပကတိလက်ချောင်း ပညာရပ်အပါအဝင် သူ၏သိုင်းပညာရပ်များအားလုံးက အဆင့်(1)သိုင်းပညာရပ်များသာ ဖြစ်ကြ၏။

အဆင့်(4)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်တစ်ယောက်ကို ရင်ဆိုင်ရာတွင် အဆင့်(1)သိုင်းပညာရပ်တစ်ခုကို အသုံးပြုခြင်းက မလုံလောက်သည်မှာ အလွန်ထင်ရှားလှပေသည်။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now