ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ- ဖြိုးသူဝင်း
စာစဉ် ( ၁၃ )
Chapter-149
“ဟားဟား...ဒီလို မထီလေးစားနိုင်လှတဲ့ လေသံမျိုးနဲ့...မင်းလို ချီစွမ်းအင်နယ်ပယ် တစ်ယောက်က ငါ့ရဲ့ အကန့်အသတ်ကို လက်လွတ်စပယ် ပြောရဲတယ်ပေါ့လေ…..” မျောက်ဝံဘုရင်က လှောင်ပြောင်လိုက်သည်။
ယီယွမ်က မျောက်ဝံဘုရင်၏ အပြုအမူကို စိတ်ထဲမထားခဲ့ပေ။ မျောက်ဝံဘုရင်က စိတ်ဝင်စားနေပြီဖြစ်ကြောင်း သူက သိရှိနေခဲ့ပြီး ဖြစ်၏။
ထိုသို့မဟုတ်ခဲ့ပါက မျောက်ဝံဘုရင်၏ ရှေ့မှောက်တွင် သူ၏ မထီလေးစားနိုင်လှပုံကြောင့် သူ့ကို မျောက်ဝံဘုရင်က လက်ဝါးတစ်ချက်တည်းဖြင့် ရိုတ်သတ်ပြီးခဲ့သည်မှာ ကြာပြီဖြစ်သည်။
ယီယွမ်က ပြုံး၍ ပြောလိုက်၏။ “စီနီယာမျောက်ဝံဘုရင် က ကိုယ့်ရဲ့အခြေအနေကို ကျွန်တော့်ထက် ပိုသိမယ်ဆိုတာ ကျွန်တော်သိပါတယ်...ကျွန်တော်ပြောတာ မှန်တယ် မမှန်ဘူးဆိုတာ စီနီယာမျောက်ဝံဘုရင် က ကိုယ့်ကိုယ်ကိုယ် သိမှာပါ...တကယ်လို့ ကျွန်တော်ကလိမ်လည်လှည့်ဖျားနေတယ်လို့ စီနီယာမျောက်ဝံဘုရင် က ယူဆခဲ့ရင် အခုချက်ချင်း ကျွန်တော့်ကို သတ်လိုက်လို့ရပါတယ်...ဘာပဲဖြစ်ဖြစ် ဒီလို လုပ်ချင်တယ်ဆိုရင် စီနီယာမျောက်ဝံဘုရင် က လက်လေးတစ်ဖက်ကို အသာလှုပ်ရှားလိုက်ရုံပဲလေ…..”
ယခု ယီယွမ် က ထိုသို့ပြောလိုက်လျှင် မျောက်ဝံဘုရင်က ငြိမ်သက်တိတ်ဆိတ်သွားခဲ့သည်။
ယီယွမ်ပြောသလိုပင် သူ၏ အကန့်အသတ် က မည်သို့ရှိသည်ကို မျောက်ဝံဘုရင်က ကိုယ်တိုင်ပင် ကောင်းကောင်းမွန်မွန် သိရှိနေခဲ့၏။
အလွန်အကြောင်းတိုက်ဆိုင်ပြီး ကံကောင်းထောက်မလွန်းသည့် အခြေအနေအချို့ မရှိခဲ့ပါက သူ၏ ဘဝတစ်လျှောက်လုံး အဆင့်(3)အလယ်အလတ်အဆင့် သို့ တက်ရောက်နိုင်ရန် အလွန်ခက်ခဲပေသည်။
အဆင့်တူညီသော အခြေအနေ တွင် မိစ္ဆာသားရဲများက လူသားများထက် ပို၍ သန်မာပြီး အသက်လည်း ပို၍ ရှည်ကြပေသည်။ ဤအရာကြောင့် သူတို့၏ခွန်အားများက လူသားများထက် ပို၍ များပြားနေကြခြင်း ဖြစ်၏။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...