၂၀၅။ လောင်းကြေး - ၁

1.4K 96 2
                                    

၂၀၅။ လောင်းကြေး - ၁

သူ့အသံသည်ပင် သူ့ခန္ဓာကိုယ်အား ထိခိုက်ဒဏ်ရာရစေသည်။ ထို လွှမ်းမိုးနိုင်လွန်းသည့် အားက သူ့ကို အသက်ထွက်မတတ် ကြောက်ရွံ့စေသည်။

အစိမ်းရောင် ဝိညာဉ်စွမ်းအားလား, အပြာရောင်ဝိညာဉ်စွမ်းအားလား, ဒါမှမဟုတ် ဒဏ္ဍာရီလာ ခရမ်းရောင် ဝိညာဉ်စွမ်းအားလား......

မိုချင်းယွမ်က ဂျန်ဝုယောင်း ရောက်ရှိနေသည့် အဆင့်နှင့် စွမ်းရည်ကို မစဉ်းစားတတ်တော့ပေ။ သူက သူ့စာချုပ်ဝိညာဉ်စွမ်းအားကို မထုတ်ဘဲနှင့်ပင် စွမ်းအားကြီးလွန်းနေသည်။

မိုးကောင်းကင်အောက်မှာ သည်လောက် ကြောက်စရာ အင်အားတစ်ရပ်က တည်ရှိနေသလော။

“တော်လောက်ပြီ” ဂျန်ဝုရှီအသံက အချိန်ကိုက် ထွက်လာသည်။ သူမက ဂျန်ဝုယောင်း လုပ်ဆောင်သွားတာကို မသိပေ။ သို့သော် မိုချင်းယွမ်အား ထိခိုက်စေသည့် အားက ဂျန်ဝုရှီအား နည်းနည်းလေးပင် မသက်ရောက်ချေ။ ထို့ကြောင့် မည်မျှလောက် ကြောက်စရာကောင်းမှန်း သူမ မသိချေ။ သူမက မိုချင်းယွမ် ဒူးထောက်ကျသွားတာကို ကြည့်ပြီး ခန့်မှန်းရုံသာ ခန့်မှန်းနိုင်သည်။

ဂျန်ဝုရှီ၏ စကားဆုံးသည်နှင့် သူ့ကိုယ်ပေါ် ရောက်ရှိနေသည့် အားက ပျောက်ကွယ်သွားသည်။ သူက ရပ်နိုင်ဖို့ အားမှန်သမျှ ဆင့်ခေါ်လိုက်ရသည်။ သူက တုန်တုန်ယင်ယင်ဖြင့် ထရပ်လိုက်သည်။ သူက ဂျန်ဝုယောင်းကို ကြည့်မိလျှင် သူ့နှလုံးသားတွင် ကြောက်ရွံ့ခြင်းက စွဲထင်သွားလေ၏။

ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်သော အင်အားကို ပိုင်ဆိုင်ထားသည့် လူတစ်ယောက် ဂျန်ဝုရှီဘေးမှာ ပုန်းကွယ်တည်ရှိနေမည်ဟု မည်သူ တွေးမိမည်နည်း။ သူသာ ရှိလျှင်, ချင်းယန်ကလန်ကို ကြောက်စရာ မလိုတော့ပေ။

သည်စွမ်းအားဖြင့်ဆိုလျှင်, ကိုယ်စားလှယ်အယောက် ၂၀က မဖြစ်စလောက်သာ ရှိတော့သည်။ ချင်းယန်ကလန် အဓိပတိကိုယ်တိုင် လာလျှင်ပင် အရှက်တကွဲဖြင့် အရှုံးပေးလိုက်ရမည် ဖြစ်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now